git.schokokeks.org
Repositories
Help
Report an Issue
tor-webwml.git
Code
Commits
Branches
Tags
Suche
Strukturansicht:
c18f0dd52
Branches
Tags
bridges
docs-debian
jobs
master
press-clips
tor-webwml.git
branches
original_web
bms
hidden-services.wml
Added 19 FAQ entries
Matt Pagan
commited
c18f0dd52
at 2013-08-26 04:06:05
hidden-services.wml
Blame
History
Raw
## translation metadata # Revision: $Revision: 22995 $ # Translation-Priority: 3-low #include "head.wmi" TITLE="Tor: Hidden Service Protocol" CHARSET="UTF-8"

Tor: Hidden Service Protocol

Tor က ဝဘ်ဆိုက်လွှင့်တင်ခြင်း၊ instant messaging server ထောင်ခြင်းကဲ့သို့သော ဝန်ဆောင်မှုများစွာပေးခြင်းဖြင့် သုံးစွဲသူများအား သူတို့၏တည်နေရာများကို ဖျောက်ကွယ်ပေးနေပါသည်။ tor ၏ "rendezvous points,"ကိုသုံးခြင်းအားဖြင့် သုံးစွဲသူများက တစ်ဦးနှင့်တစ်ဦး၏ အမှတ်လက္ခဏာဘာမှမသိရဘဲ hidden service နှင့်ချိတ်ဆက်နိုင်ပါသည်။ rendezvous protocol များ မည်သို့အလုပ်လုပ်ကြောင်း နည်းပညာပိုင်းအရ အသေးစိတ်ဖော်ပြချက်များကို ဒီစာမျက်နှာမှာ ဖော်ပြထားပါသည်။ မည်ကဲ့သို့ကို သိလိုပါက <a href="<page docs/tor-hidden-service>">configuring hidden servicesစာမျက်နှာတွင် ကြည့်ပါ။

hidden service သည် သုံးစွဲသူများက မဆက်သွယ်မှီမှာ သူ့တည်ရှိမှုကို tor ကွန်ယက်ပေါ်တွင်ကြော်ငြာရန်လိုပါသည်။ ထို့ကြောင့် သူက ကြုံရာ relay များကိုရွေးလိုက်ပြီး circuit များကိုတည်ဆောက်လိုက်ကာ မိတ်ဆက်pointများအဖြစ် အများမြင်သာသော key တွေချပြလိုက်ပါသည်။ အောက်ပါပုံရှိ အစိမ်းရောင် ချိတ်ဆက်မှုများသည် တိုက်ရိုက်ချိတ်ဆက်မှုများမဟုတ်ဘဲ circuit များဖြစ်ပါသည်။ Tor circuit အပြည့်ကိုသုံးခြင်းဖြင့် hidden server မှ IPလိပ်စာရှိသော မိတ်ဆက်point များနှင့် တွဲဖက်လုပ်ဆောင်ဖို့ ခဲယဉ်းပါသည်။ မိတ်ဆက် point များသည် hidden service ၏ identity ကိုဖော်ပြပေးနေသဖြင့် ၄င်း ဆာဗာ၏ တည်နေရာ (IP လိပ်စာ)ကိုသိဖို့ မလိုလားပါ။
# maybe add a speech bubble containing "PK" to Bob, because that's what # Bob tells to his introduction points
အဆင့် ၂၊ hidden service မှ public key နှင့် မိတ်ဆက်point တစ်ခုချင်းစီ၏ အကျဉ်းပါသော hidden service descriptorကို စုဝေးပါသည်။ ထို့နောက် ထို descriptor ကို သူ့တဦးထဲပိုင် key ဖြင့်ပြပြီး distributed hash table ဆီ upload တင်ပေးပါသည်။ ထို descriptor ကို သုံးစွဲသူက XYZ.onion ဟုရှာနိုင်ပါသည်။ XYZ သည် စာလုံး ၁၆ လုံးပါနာမည်ဖြစ်ပြီး service ၏ public key ဆီမှ သီးသန့် ရရှိပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုအဆင့်ပြီးလျှင် hidden service ကို ထည့်သွင်းပါမည်။

အလိုလျောက်ပြောင်းပေးသော service နာမည်ကိုသုံးဖို့သည် လက်တွေ့မဖြစ်နိုင်ဟု ထင်ရသော်လည်း အရေးကြီးသောအချက်ကိုတော့ ထောက်ပံ့ပေးပါသည်။ မိတ်ဆက်point များအပါအဝင်အားလုံးသည် ထုတ်ပြန်ထားသော သင်္ကေတပြ directory ဖြစ်ပြီး သုံးစွဲသူက မှန်ကန်သော hidden service သုံးနေသလားဆိုတာ သိနိုင်ပါသည်။ Zooko's conjectureမှာကြည့်ပါ။ လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခြင်း၊ လုံခြုံခြင်းနှင့် လူအဓိပ္ပါယ်ပြည့်ဝခြင်းများအနက် ၂ ခုကို သင်ရနိုင်ပါသည်။ တနေ့နေ့မှာတော့ တစ်ဦးတစ်ယောက်က hidden service နာမည်များအတွက် Petnameဒီဇိုင်းကို ပြီးမြောက်စေပါလိမ့်မည်။
# maybe replace "database" with "DHT"; further: how incorrect # is it to *not* add DB to the Tor cloud, now that begin dir cells are in # use?
အဆင့် ၃၊ hidden service ကိုချိတ်ဆက်ချင်သော သုံးစွဲသူသည် onion လိပ်စာများအကြောင်း အရင်လေ့လာဖို့ လိုပါမည်။ ထို့နောက် distributed hash table မှ descriptor ကိုဒေါင်းလုဒ်ချပြီး ကွန်ယက်တစ်ခုကို တည်ထောင်ဖို့လိုပါမည်။ XYZ.onion အတွက် descriptor ရှိလျှင် သုံးစွဲသူသည် မိတ်ဆက် point အစုံများနှင့် အသုံးပြုရန် မှန်ကန်သော public key ကိုသိနိုင်ပါပြီ။ (hidden service သည် offline သို့မဟုတ် ထွက်သွားတာကြာပြီဖြစ်နိုင်ပါသည်၊ သို့မဟုတ် onion လိပ်စာတွင် typo လည်းရှိနိုင်ပါသည်)။ ထိုအချိန်တွင် သုံးစွဲသူသည် ကြုံရာရွေးချယ်ထားသော relay ထဲတွင် circuit တစ်ခုကို ဖန်တီးပြီး လျှို့ဝှက်ချက်တခုပေး၍ rendezvous pointတစ်ခုအဖြစ် အသုံးပြုဖို့လုပ်နိုင်ပါသည်။
# maybe add "cookie" to speech bubble, separated from the surrounded # "IP1-3" and "PK"
အဆင့် ၄၊ descriptor တွေ ရပြီး rendezvous point တွေလည်း အဆင်သင့်ဖြစ်ရန် သုံးစွဲသူက rendezvous point ရဲ့လိပ်စာနဲ့ လျှို့ဝှက်စကားလည်းပါတဲ့ (hidden service public key ကို encrypt လုပ်ထားတဲ့) မိတ်ဆက် message တည်ဆောက်ရမှာပါ။ အဲ့ဒိ message ကို မိတ်ဆက် point တွေထဲက တစ်ခုဆီ ပို့လိုက်ပြီး hidden service ဆီ တောင်းခံစာရောက်သွားပါမယ်။ နောက်တခါ tor circuit တွေနဲ့ ဆက်သွယ်မှုဖြစ်ပေါ်ပါမယ်။ သုံးစွဲသူရဲ့ IP လိပ်စာနဲ့တော့ ဘယ်သူမှ ပို့လို့မရပါဘူး။ ဒါကြောင့် သုံးစွဲသူက အမည်မသိဘဲ ဆက်ပြီးပြနေမှာပါ။

အဆင့် ၅၊ hidden service က သုံးစွဲသူပို့လာတဲ့ message ကို decrypt လုပ်ပေးပြီး rendezvous point လိပ်စာနဲ့ သူ့မှာရှိတဲ့ လျှို့ဝှက်ကုဒ်ကိုရှာပေးပါတယ်။ ပြီးနောက် circuit ကို rendezvous point အဖြစ်ဖန်တီးပြီး လျှို့ဝှက်ကုဒ်ကိုလည်း rendezvous message နဲ့အတူ ပြန်ပို့ပေးပါတယ်။

At this point it is of special importance that the hidden service sticks to the same set of <a href="<wiki>TorFAQ#Whatsthisaboutentryguardformerlyknownashelpernodes">entry guards when creating new circuits. Otherwise an attacker could run his own relay and force a hidden service to create an arbitrary number of circuits in the hope that the corrupt relay is picked as entry node and he learns the hidden server's IP address via timing analysis. This attack was described by Øverlier and Syverson in their paper titled Locating Hidden Servers.
# it should say "Bob connects to Alice's ..."
နောက်ဆုံးအဆင့်တွင် ဆုံရပ် (rendezvous) point က သုံးစွဲသူသည် ချိတ်ဆက်မှုကို အောင်မြင်စွာလုပ်နိုင်ကြောင်း အစီရင်ခံမည်။ ထို့နောက် သုံးစွဲသူရော hidden server ရော၏ circuit များ ဆုံရပ် point ဆီတွင် အချင်းချင်းအဆက်အသွယ်ပြုနိုင်ကြပါပြီ။ ဆုံရပ် point သည် သုံးစွဲသူဆီမှ service သို့ ရိုးရှင်းစွာ relay (end-to-end encrypted)လုပ်ပေးသည်။ service မှ သုံးစွဲသူဆီသို့လည်း ထို့တူပင်။

အစစ်အမှန်ဖြစ်သော ဆက်သွယ်မှုအတွက် introduction circuit ကို အသုံးမပြုရခြင်းအကြောင်းတစ်ခုမှာ relay တစ်ခုချင်းဆီသည် ပေးထားသော hidden service တွင် မြင်သာထင်ရှားမနေသင့်သောကြောင့် ဖြစ်သည်။ ထိုကြောင့်ပင် ဆုံရပ် point သည် hidden service ၏ identit ကို မစစ်ဆေးခြင်းဖြစ်သည်။

အကြမ်းဖျင်းအားဖြင့် သုံးစွဲသူနှင့် hidden service ကြားရှိ ပြီးပြည့်စုံသော ချိတ်ဆက်မှုတွင် relay ၆ ခုပါရှိသည်။ ၃ ခုသည် သုံးစွဲသူက တတိယမြောက်ဆုံရပ် point နှင့်ရွေးချယ်ခြင်းဖြစ်ပြီး ကျန် ၃ ခုကို hidden service က ရွေးချယ်ပါသည်။

hidden service portocol များအကြောင်း ဒီထက်ပို၍ အသေးစိတ်သိလိုပါက <a href="<svnprojects>design-paper/tor-design.pdf">Tor design paper တွင် design description အခြေအမြစ်များကို တွေ့နိုင်ပြီး <a href="<gitblob>doc/spec/rend-spec.txt">rendezvous specificationတွင် message fromat များကို ကြည့်နိုင်သည်။

#include <foot.wmi>