git.schokokeks.org
Repositories
Help
Report an Issue
tor-webwml.git
Code
Commits
Branches
Tags
Suche
Strukturansicht:
2d716acc1
Branches
Tags
bridges
docs-debian
jobs
master
press-clips
tor-webwml.git
projects
bms
hidserv.wml
new, updated, removed files for the website
Runa A. Sandvik
commited
2d716acc1
at 2010-10-02 13:16:14
hidserv.wml
Blame
History
Raw
## translation metadata # Revision: $Revision: 22515 $ # Translation-Priority: 4-optional #include "head.wmi" TITLE="NLnet Project: Speed Up Tor Hidden Services" CHARSET="UTF-8"

NLnet Project - Tor Hidden Services မြန်နှုန်းမြှင့်တင်ခြင်း

Tor Hidden Services က အသုံးပြုသူများကို websites များကဲ့သို့ အမည်မဖေါ်ဘဲ လျှို့ဝှက်သော သတင်းအချက်အလက်များ services ကို ထည့်သွင်းအသုံးပြုရန် ခွင့်ပြုသည်။ ယင်းကို Tor network မှသာ ရယူသုံးစွဲနိုင်ပြီး services တွင် အလုပ်လုပ်နေသော သုံးစွဲသူ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို ကာကွယ်ပေးထားသည်။ Tor Hidden Service ၏ အလွန့်အလွန် အရေးပါသော ကန့်သတ်ချက်များမှာ Hidden Service ကို network အတွင်း မှတ်ပုံတင်ပြီးသည်အထိ ကြာသော အချိန်နှင့် အသုံးပြုသူ ရယူသုံးစွဲနိုင်သောအခါ ဆက်သွယ်မှု အခြေခိုင်သည်အထိ ကြာသော အချိန်ဖြစ်ပါသည်။ ပုံစံထုတ်လုပ်ထားသော အကြောင်းအရာကို မူလ Tor protocol ထဲတွင် ထည့်သွင်းထားသောကြောင့် အသစ် Hidden Service အတွက် connection သည် မိနစ်အနည်းငယ် ကြာနိုင်ပါသည်။ ယင်းက အသုံးပြုသူ အများစုကို connection ဆက်သွယ်မရမှီအချိန်အတွင်း လက်လျော့သွားစေနိုင်ပါသည်။ Tor Hidden Services ကို တိုက်ရိုက် အသုံးပြုသူ - အသုံးပြုသူ ဆက်သွယ်သတင်းပို့ခြင်း (ဥပမာ - သတင်းအချက်အလက်ပေးပို့ခြင်း)အတွက် အသုံးပြုခြင်းသည် Hidden Service circuit setup ၏ ကြာမြင့်သော သတင်းအချက်အလက် ရှာဖွေပေးပို့မှုကြောင့် မဖြစ်နိုင်လောက်ပါ။

ဤပရောဂျက်က Tor Hidden Services ကို အသုံးပြုသူနှင့် Hidden Service ကြား Tor circuits ထည့်သွင်းတပ်ဆင်ခြင်း နည်းလမ်းများ နှင့် Hidden Service က Tor network ကို မှတ်ပုံတင်သော နည်းလမ်းများကို တိုးတက်စေခြင်းဖြင့် မြန်နှုန်းမြှင့်တင်ရန် ရည်ရွယ်ပါသည်။ ပထမအဆင့်အနဖြင့် lab setups တွင် တိကျသော ကွန်ပျုတာချို့ယွင်းချက်ကို ရှာသော Hidden Services ၏ လုပ်ဆောင်ပုံ နှင့် လက်ရှိအခြေအနေက ဆိုးဝါးသော အချိန်သတ်မှတ်ခြင်း၏ အကျိုးသက်ရောက်မှု အခြေအမြစ်ကို ရှာရန် စီမံခန့်ခွဲပေးပါသည်။ ယင်း ချို့ယွင်းချက်များကို အခြေခံ၍ အမှန်ကန်ဆုံးအခြေအနေအတွက် ဗျူဟာများကို ပုံစံထုတ်လုပ်ပြီး သွယ်ဝိုက်သောအားဖြင့် ပါဝင်ပတ်သက်နေသော မလိုချင်သည့် Tor network ၏ လုံခြုံမှုနှင့် အမည်လျှို့ဝှက်ခြင်းတို့ကို သက်သေပြနိုင်သည်။ အလွန့်အလွန် အမှန်ကန်ဆုံးအခြေအနေက အသုံးပြုသူအတွက် သိသာထင်ရှားသော တိုးတက်မှုကို ရရှိအောင် အကောင်အထည်ဖေါ်ပေးပါမည်။ တိကျမှန်ကန်သော အောင်မြင်မှု metrics သည် ချို့ယွင်းချက်ကိုရှာသော အဆင့်မှာပင် တိုးတက်လာပါလိမ့်မည်။ အချိန် ပျေက်ဆုံးသွားပြီး တိုးတက်မှုများ လက်တွေ့ကျလာပါက ယင်းသည် ပိုမိုထင်သာလာပါလိမ့်မည်။ နောက်ဆုံး အဆုံးစွန်ထိ ရည်ရွယ်ချက်မှာ Hidden Services ၏ protocol ပြောင်းလဲခြင်းကို အသင့်ဖြစ်အောင် ထုတ်လုပ် ရရှိနိုင်ခြင်းနှင့် 12 လအောက် အချိန်သတ်မှတ်ချိန်အတွင်း Tor အသုံးပြုသူများအတွက် တိုးတတ်မှု ရရှိစေရန် ဖြစ်သည်။

ဒီပရောဂျက်ကို သဘောထားကြီးစွာဖြင့် ငွေကြေးထောက်ပံ့ပေးသော -

Project

Due Date

Deliverable A: ပိုင်းခြားစိတ်ဖြာခြင်း၊ တိုင်းတာခြင်း နှင့် and ပြသနာများကို အလွယ်တကူ နားလည်စေရန် ရှင်းလင်းခြင်း
Tor Hidden Services သည် လွန်ခဲ့သော နှစ်က ထပ်မံတိုးတက်ခြင်း မရှိခဲ့သောကြောင့် ပြသနာများ၏ အချို့သော ကဏ္ဍများကို ရှာဖွေဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။ ရှာဖွေပေးပို့ရန် အချိန်နှင့် အချိန်ကုန်ခြင်းများ၏ တိကျသော အရင်းအမြစ်ကို ဖေါ်ထုတ်သတ်မှတ်ရန် ပိုမိုလေးနက်သော အကြောင်းပြချက်များအတွက် ကျယ်ပြန့်သော ပိုင်းခြားစိတ်ဖြာခြင်းကို စီမံခန့်ခွဲရန် လိုအပ်သည်။ Deliverable A ကို အလုပ် ၏ တစ်လတစ်ကြိမ်ခန့် လိုအပ်ပါသည်။ ပိုင်းခြားစိတ်ဖြာခြင်း ရလဒ်များက Deliverable B တွင် ပါသော ပုံစံထုတ်လုပ်မှု ဆုံးဖြတ်ခြင်းကို လွှမ်းမိုးအကျိုးသက်ရောက်စေမည်ဖြစ်သည်။

ဇွန်လ ၁၅ရက် ၊ ၂၀၀၈

Deliverable B:ပုံစံ နှင့် လိုအပ်သော ပြောင်းလဲမှုများ၏ တန်ဖိုးခွဲခြား သတ်မှတ်ခြင်း
Tor Hidden Services ပြောင်းလဲမှုများက protocol ၏ အဓိက လုပ်ငန်းတာဝန်ကို အကျိုးသက်ရောက်စေပါသည်။ ထို့ကြောင့် လုံခြုံမှု နှင့် အမည်လျှို့ဝှက်ခြင်းတွင် ဖြစ်နိုင်ချေရှိသော သွယ်ဝှက် အကျိုးဆက်များကို သတိထား၍ တန်ဖိုးခွဲခြား သတ်မှတ်ခြင်းလိုအပ်ပါသည်။ နှစ်လဟူသော အချိန်ကာလကို ကျယ်ပြန့်၍ တန်းတူဖြစ်သော ပြန်လည်ဆန်းစစ်ခြင်းများ ပါဝင်သည့် ပုံစံနှင့် တန်ဖိုးခွဲခြား သတ်မှတ်ခြင်း အဆင့်အတွက် အစီအစဉ် ရေးဆွဲထားပါသည်။

သြဂုတ်လ ၁၅ရက် ၂၀၀၈

Deliverable C: ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ခြင်း
ပုံစံထုတ်လုပ်ပြီးနောက် တန်ဖိုးခွဲခြား သတ်မှတ်ခြင်း နှင့် တန်းတူဖြစ်သော ပြန်လည်ဆန်းစစ်ခြင်း ပြုပြင်မွမ်းမံခြင်းတို့ သည် ပြီးစီးအောင်မြင်ရမည်ဖြစ်ပြီး လက်ရှိ Tor code base နှင့် ပေါင်းစပ်နိုင်ရမည် ဖြစ်သည်။ လိုအပ်သော အပြောင်းအလဲများ၏ အမှန်တကယ် ပြီးစီးအောင်မြင်ခြင်းသည် နှစ်လနီးပါမျှ အချိန် ယူနိုင်ပါသည်။

အောက်တိုဘာ ၁၅ရက် ၂၀၀၈

Deliverable D: ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ခြင်း နှင့် ထုတ်ခွင့်ရသော အခြေအနေအထိ ပြောင်းလဲခြင်း၏ စမ်းသပ်ချက်
ပြုပြင်မွမ်းမံခြင်းသည် Tor network ၏ လုံခြုံမှု နှင့် အမည်လျှို့ဝှက်ခြင်းအတွက် အလွန် အရေးကြီးပြီး ကျယ်ပြန့်သော စမ်းသပ်ချက်များနှင့် စမ်းသပ်ခန်းတွင် ပရိုဂရမ်၏ အပြစ်များကို ရှာဖွေပြင်ဆင်ခြင်းနှင့် လက်တွေ့ အခြေအနများ လိုအပ်ပါသည်။ သုံးလဟူသော အချိန်ကာလာသည် စမ်းသပ်ခြင်းနှင့် ရှာဖွေဖေါ်ထုတ်ခြင်း စီမံကိန်းအတွက် ဖြစ်သည်။ ယင်းတွင် သက်ဆိုင်ရာ ဆောင်ရွက်သူများသည် အချိန်ကာလ၏ သုံးပုံ တစ်ပုံကို စမ်းသပ်ခြင်းအတွက် လုံ့လစိုက်ထုတ်ရမည် ဖြစ်ပြီး စမ်းသပ်ခြင်းအဆင့်၏ တစ်စိတ်တစ်ပိုင်းသည် public beta ကာလာအပိုင်းအခြား ဖြစ်ပါလိမ့်မည်။

ဇွန်န၀ါရီလ ၁၅ရက် ၂၀၀၉

Deliverable E:ပထမဆုံးအကြိမ် ထုတ်ဝေရောင်းချခြင်း
Tor server network အမှန်တကယ် ပထမဆုံးအကြိမ် ထုတ်ဝေရောင်းချခြင်းကို ပုံမှန် Tor ထုတ်လုပ်ခြင်း အစီအစဉ်နှင့် sync စီမံခန့်ခွဲပါလိမ့်မည်။ ဤ အစီအစဉ်သည် ပြင်ပ အချက်အလက် များစွာအပေါ် မူတည်နေသောကြောင့် အခြားသော တစ်ချိန်ထဲ ထုတ်သော software စီမံကိန်းများ အတိုင်း အမှန်တကယ် ထုတ်ဝေရောင်းချခြင်းနှင့် ထုတ်ဝေရောင်းချခြင်းကို အသိအမှတ်ပြုသည်အထိ ကြာချိန်နှင့် Tor server operators အများစု ထည့်သွင်းသုံးစွဲချိန်များသည် အမျိုးမျိုးဖြစ်နိုင်ပါသည်။ အတွေ့အကြုံအားဖြင့် သုံးလမှ လေးလအထိ မျှော်လင့်ပါသည်။

မေလ ၁၅ရက် ၂၀၀၉

လစဉ် အစီရင်ခံစာများ

လစဉ် အစီရင်ခံစာ စုစုပေါင်း ရှစ်စောင်ရှိပြီး ပထမဆုံး အကြိမ်အဖြစ် ဇွန်လ 15ရက် ၊ 2008 တွင် ပေးပို့အစီရင်ခံမည်ဖြစ်ပြီး ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ခြင်းနှင့် စမ်းသပ်ခြင်း တို့ကို ဇန်နဝါရီလ 15ရက် ၊ 2009 တွင် ပြီးပြည့်စုံခြင်းနှင့်အတူ ပြီးဆုံးမည် ဖြစ်သည်။

Month,

အစီရင်ခံစာ

ဇွန် 08

မူလ ပန်းတိုင်ဖြစ်သော ပြသနာများကို ခွဲခြားစိတ်ဖြာခြင်းကြောင့် Tor Hidden Services အချိန်ကြန့်ကြာ နှောင့်နှေးမှုများ ပြီးမြောက်သွားပြီ ဖြစ်သည်။ ဤခွဲခြားစိတ်ဖြာခြင်း၏ အစိတ်အပိုင်းသည် နှောင့်နှေးခြင်းကို တိုင်းတာခြင်းဖြစ်ပြီး ယင်းကို အသုံးပြုသူများ ထည့်သွင်း အသုံးပြုစဉ် သို့မဟုတ် hidden service ရယူသုံးစွဲချိန်တွင် ကြုံတွေ့ရမည် ဖြစ်သည်။ ထို့အပြင် 2008 ခုနှစ် ဧပြီလမှ တိုင်းတာခြင်း အချက်အလက်များသည် hidden service ကို connection တည်ဆောက်ရာ၌အတွင်းပိုင်း အဆင့်ခွဲများကို ဖေါက်ခွဲရန် အားတစ်ခုဖြစ်စေခဲ့သည်။ ဤခွဲခြမ်းစိတ်ဖြာခြင်း ရလဒ်များကို စာမျက်နှာ 22 ရွက်ပါသော အစီရင်ခံစာဖြင့် ယင်းကို Tor အတွက် အများသုံး developer မေးလ်ပို့နိုင်သော စာရင်းတွင် ဖေါ်ပြထားသည်။
ခွဲခြမ်းစိတ်ဖြာခြင်းများကို bugs အနည်းငယ်တွင်လည်း ဖေါ်ပြထားပြီး ယင်းတို့သည် နှောင့်နှေးခြင်း အစိတ်အပိုင်းအတွက် hidden service ကို အသုံးပြုသူများ ရယူသုံးစွဲနိုင်ရန် ပြုလုပ်ခြင်းအားဖြင့် သက်ဆိုင်ပါသည်။ bugs အချို့သည် ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ခွဲများတွင် တိုက်ခိုက်ပြီး ကျန် bugs များကလည်း မကြာမှီ တိုက်ခိုက်လာနိုင်ပါသည်။ တန်ဖိုးခွဲခြား သတ်မှတ်ခြင်းသည် Tor service performance အတွက် များစွာသော ဖြစ်နိုင်ချေရှိသည့် အောင်မြင်မှုကို ချည်းကပ်ရာ လမ်းကြောင်းအဖြစ် ယူဆောင်ပေးပါသည်။ ယင်း အချို့ သဘောသဘာဝများသည် ချက်ချင်း သက်ရောက်စေနိုင်သော်လည်း အချို့အတွက်မူ ပိုမိုလေးနက်သော ခွဲခြမ်းစိတ်ဖြာခြင်းများနှင့် အသစ် တိုင်းတာမှုများ လိုအပ်ပါသည်။ နောက်ဆုံးတွင်တော့ ခွဲခြမ်းစိတ်ဖြာခြင်း လမ်းစဉ်တွင် ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိခဲ့သည်မှာ hidden services နှင့် တိုက်ရိုက်မသက်ဆိုင်သော Tor ကို နက်ရှိုင်းစွာ ပြောင်းလဲရန် လိုအပ်သည့် အချို့ တိုးတက်ခြင်းများဖြစ်သည်။ ဤပြောင်းလဲခြင်းများက ယခုစီမံကိန်း၏ time frame ကိုတော့ အောင်မြင်အောင် ဖန်တီးနိုင်စွမ်းရှိမည် မဟုတ်ပါ။

ဇူလိုင် 08

ခွဲခြမ်းစိတ်ဖြာခြင်းတွင် တွေ့ခဲ့သော bugs အားလုံးကို ပြင်ဆင်ပြီး ဖြစ်ပါသည်။ ယင်းတွင် ခွဲခြမ်းစိတ်ဖြာသည့် အတောအတွင်း မူလ ပါရှိပြီးဖြစ်သော bugs 2 ခုနှင့် လွန်ခဲ့သော ရက်ပေါင်း 30 အတွင်း ရောက်ရှိလာသော နောက်ထပ် 4 ခု ဖြစ်သည်။

သြဂုတ် 08

လွန်ခဲ့သော ရက်ပေါင်း ၃၀ မှစ၍ အသုံးပြုမည်ဟု အဆိုပြုထားသော ဒီဇိုင်းများအကြောင်းဆွေးနွေး ပြင်ဆင်ခြင်းများပြုလုပ်ခဲ့ကြပါသည်။ ၄င်းတို့အထဲမှ ၄ ခုကို အနည်းငယ် ပြင်ဆင်မှုများပြုလုပ်ရုံဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ဆော့ဝဲတစ်ခုမှာ software မဟုတ်ပဲ bug အနေဖြင့်တည်ရှိနေသည်။ ကျန်သော ၂ ခုမှာ လုံခြံရေးအားနည်းခြင်း၊ performance မကောင်းခြင်းများကြောင့် ပယ်လိုက်ရပါသည်။
July 15 ရက်ထုတ်ပြန်ချက်အရ ဆော့ဝဲဒီဇိုင်းဆွေးနွေးချက်များအားလုံး နှင့်ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များအားလုံးကို အချောသတ်နိုင်ပြီဖြစ်ပြီဖြစ်ပါသည်။ Bug တစ်ခုအားရှင်းခြင်း၊ ဆော့ဝဲ ၄ ခုအား ပြင်ဆင်ခြင်း စသည်တို့ဖြစ်သည်။ ပြင်ဆင်ခြင်းလုပ်ငန်းများ ပြီးဆုံးပါကလည်း ၄င်းဆော့ဝဲများအား စမ်းသပ်အသုံးပြုရန်လိုအပ်ပါသေးသည်။ အစီရင်ခံစာ တစ်စောင်အား developer များ mailing list . သို့ upload တင်ထားပြီးဖြစ်ပါသည်။

စက်တင်ဘာ 08

Software များပြင်ဆင်ခြင်း ပထမအပိုင်းတွင် hidden services များနှင့်သတ်ဆိုင်သော bug နှစ်ခုအားဖြေရှင်းပေးနိုင်ခဲ့သည်။  ပထမ bug ကို design အဆင့်တွင်တွေ့ရပြီး ၄င်း bug သည် hidden service များ အလုပ်လုပ်နေချိန်တွင် ထူးခြားသော ကွန်နက်ရှင်ပြတ်တောက်မှုကိုဖြစ်စေသည်။ ဒုတိယ bug ကို ပြင်ဆင်မှုပြုလုပ်နေချိန်တွင် တွေ့ပြီး ၄င်းသည် hidden service အားချိတ်ဆက်မှုပြုရာတွင် ပြတ်တောက်မှုများကိုဖြစ်ပေါ်စေသည်။ ထို bug 2 ခုကိုပြင်ဆင်မှုများပြုလုပ်ပြီး နောက်ထွက်မည့် unstable version တွင်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး stable version များတွင်ပါ ဆက်လက် ထည့်သွင်းသွားမည်ဖြစ်ပါသည်။
ပြင်ဆင်မှု ၄ ခုစလုံးအား experimental branch အဖြစ်ထားရှိပါသည်။ ဆော့ဝဲ stable version ထုတ်ရန်မှာ ကျွန်ုပ်တို့ရည်ရွယ်ထားသည့် goal ဖြစ်ပြီး မထုတ်ခင် စမ်းသတ်မှုသဘောဖြင့် ၄ ပတ် developer များမှ tests များပြုလုပ်မည်ဖြစ်ပါသည်။

အောက်တိုဘာ 08

ပြင်ဆင်မှုပြုလုပ်ခြင်းများအား အဆုံးသတ်နိုင်ပြီဖြစ်ပါသည်။ လွန်ခဲ့သော ရက် ၃၀ အတွင်းတွေ့ရသော bugfixes ပြင်ဆင်မှုများအား developer version 0.2.1.6-alpha တွင်ရယူနိုင်ပါသည်။ ဒီဇိုင်းပြင်ဆင်မှုပိုင်း၌ တွေ့ရသော ပြင်ဆင်မှု ၄ ခုအား proposal 155 တွင်တွေ့နိုင်ပြီး အသစ်ပြင်ဆင်ထားသော ဒီဇိုင်း ၃ ခုအား development codebase တွင်ထည့်ထားပြီး နောင်ထွက်မည့် development version တွင် ထည့်သွင်းသွားမည်ဖြစ်ပါသည်။ ပထမ ဒီဇိုင်းပြင်ဆင်မှု ၂ ခု သည်hidden service သို့ချိတ်ဆက်မှုကြာချိန်ကို စက္ကန့် ၆၀ မှ ၃၀ သို့ ပြောင်းလဲပေးလိုက်ပြီး စတုတ္ထပြင်ဆင်မှုမှာ တော့အသုံးသိပ်မဝင်ပါ။ ယခုလက်ရှိအချိန်အထိ bugfixes နှင့် ဒီဇိုင်းအသစ်များမရှိသေးဘဲ ရှိလာပါက နောင်လာမည့်အသစ်ပြင်ဆင်မှုများတွင် ထည့်သွင်းသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ 08

နောက်ဆုံးပြင်ဆင်မှုများပြုလုပ်ရာတွင် ပြီးစီးခဲ့သော တိုးတတ်မှုများအား Tor version 0.2.1.7-alpha တွင်ထည့်သွင်းပြီးဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် Tor homepage တွင် ၄င်း version အား ဒေါင်းလုပ်ချပြီးအသုံးပြုနိုင်ပါသည်။ နောက်ထပ် bugfixes (1, 2) နှစ်ခုအား နောင်တွင်အသစ်ထွက်မည့် version 0.2.0.32 တွင်ထည့်သွင်း သွားမည်ဖြစ်ပါသည်။
ပြင်ဆင်မှုများပြုလုပ်ခဲ့သည့် ရက်ပေါင်း ၃၁ ရက်အတွင်း tor software အတွက် improvement များပြုလုပ်ခြင်းသည် ထိရောက်မှုရှိမရှိစစ်ဆေးရန်လည်း ရည်ရွယ်ပါသည်။ စစ်ဆေးခြင်းများကို နိုဝင်ဘာ ၆ နှင့် ၇ ရက်နေ့များတွင် ပြုလုပ်ခဲ့ပါသည်။ ကံဆိုးစွာဖြင့် ထိုအချိန်တွင် tor network အတွင်း  ပြသနာဖြစ်နေ၍ orperators အများစု မိမိတို့ relays များ ပိတ်ပစ်လိုက်ရပါသည်။ ဒုတိယအကြိမ်စစ်ဆေးမှုအား ၁၃ နှင့် ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဒေတာများအား ဤနေရာတွင်  (40 MB) ရယူနိုင်ပါသည်။ စစ်ဆေးမှုများ၏ ရလဒ်အရ ပထမဆုံးအကြိမ် hidden services များအား စစ်ဆေးသော june 2008 ထက်ပင် overall network performance ကျဆင်းနေသည်ကိုတွေ့ရသည်။ စမ်းသတ်စစ်ဆေးမှုအသစ်များအား ဒီဇင်ဘာတွင် ထပ်မံပြုလုပ်မည်ဖြစ်ပါသည်။

ဒီဇင်ဘာ 08

ပြီးခဲ့သောရက် ၃၀ တွင် ယခင် hidden service တိုင်းတာချက်များတွင် ပေါ်ပေါက်နေသော bug များကို ပြင်ဆင်ခဲ့ရသည်။ ပထမ bugfixသည် ဖြစ်နိုင်သော တိုင်းတာချက်အမှားများကို ဖြစ်စေသည့် အစိတ်ပိုင်းအမှားများကိုပြင်ဆင်ပေးသည်။ အခြား a href="https://trac.torproject.org/projects/tor/ticket/847">bugများသည် bootstrapping လုပ်ရာတွင်နှောင့်နှေးစေနိုင်သည်။ အလွန်နှေးသော directory authorities သည် bootstrapping သုံးသူများကို စိတ်ပျက်သွားစေပြီး တခြား authority များကိုသုံးစွဲစေသည်။ ရလဒ်အနေဖြင့် အနှေးဆုံး directory authorities ၂ ခုသည် သူတို့ node များကို bandwidth ပိုပေးပြီး ရိုက်ခတ်မှုများကို လျော့ပါးစေသည်။ တတိယ bug သည် hidden service လုပ်ဆောင်ချက်တိုးတက်မှုများကို နိုဝင်ဘာလတွင် မိတ်ဆက်ပေးခဲ့သည်။ ရိုက်ခတ်မှုကတော့ hidden service ကိုလုပ်ဆောင်ပေးနေသော Tor configuration ဝန်ဆောင်မှုကို ရပ်တန့်သွားနိုင်သည်။ ထပ်၍ ထို bug ကို ဖော်ထုတ်လိုက်ပြီး Tor က သူ့ introduction point များကို ပြန်တည်ဆောက်လိုက်ပြီး hidden service များကို တည်ငြိမ်အောင် relode လုပ်ပေးသည်။ နောက်ထွက်မည့် 0.2.1.9-alpha version တွင် ထို bug ကိုပြင်ဆင်ပြီးထည့်သွင်းပေးထားပါမည်။
bug များကိုပြင်ဆင်ခြင်းကလွဲ၍ တိုင်းတာစစ်ဆေးချက်အသစ်များကို ဒီဇင်ဘာ ၈ နှင့် ၁၀ ရက်ကြားတွင်လုပ်ဆောင်ပါသည်။ စီမံကိန်းအစတွင် လုပ်သော hidden service လုပ်ဆောင်ချက်များနှင့်ယှဉ်လျှင် နောက်ဆုံးစစ်ဆေးချက်ဖြစ်နိုင်သည်။ ဒေတာများကို တွက်ချက်ထားခြင်းကြောင့် ဤအချက်တွင် တိုးတက်မှုအကြောင်း ထုတ်ပြန်ဖို့အခက်တွေ့စေပါသည်။ သို့သော် preliminary evaluationသည် ဝန်ဆောင်မှု ထုတ်ပြန်ခြင်းတိုးတက်မှုကို ညွှန်ပြနေပါသည်။ Tor သုံးစွဲသူ၏ bootstrapping ကိုမြန်ဆန်စွာလုပ်ဆောင်ခြင်းနှင့် နိုဝင်ဘာအတွင်း ထည့်သွင်းထားသည့် လုပ်ဆောင်မှုတိုးတက်ချက်များ၏ ရလဒ်ဖြစ်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် hidden service များကိုတည်ထောင်ချိတ်ဆက်ခြင်းရလဒ်များသည် သေချာမှုနည်းနေပါသည်။ နိုဝင်ဘာလအတွင်း ဖြည့်စွက်ထားသော တိုးတက်မှုများသည် လုပ်ဆောင်ချက်များအပေါ် ကောင်းသောအကျိုးသက်ရောက်သော်လည်း substeps exhibit များတွင် ဆိုးကျိုးများဖြစ်နေပါသည်။ ဥပမာတစ်ခုမှာ hidden service ကိုဆက်သွယ်ရန်အတွက် descriptor များကို ရယူခြင်းဖြစ်သည်။ ဖြစ်နိုင်စရာဖြေရှင်းချက်မှာ စက်တင်ဘာလအတွင်း ရုတ်ချည်းတိုးတက်လာသော hidden service directory nodes အရေအတွက်၏ စွမ်းဆောင်ရည်အပေါ် အနှုတ်လက္ခဏာဆောင် အကျိုးသက်ရောက်မှုရှိခဲ့ခြင်းဖြစ်သည်။ အလုပ်၏နောက်ဆုံး ၃၁ ရက်များသည် အဆိုပါ အချက်အလက်များကို အသေးစိတ် တွက်ချက်ရန်နှင့် ပရောဂျက်၏ အောင်မြင်ဖြစ်ထွန်းမှု နောက်ဆုံး ဆုံးဖြတ်ချက်ချရန် ဖြစ်လိမ့်မည်။

ဇန်နဝါရီ 09

စမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် အဆင့်ဆင့် တိုးတတ်လာစေသည်။ စမ်းသပ်ခြင်းတွေက် Public Beta ဗားရှင်းကို ပြောင်းလွဲတိုးတတ်ဖြစ်ပေါ်သောအဆင့် နှင့် 0.2.1.x-alpha series မှ Hidden services အဖြစ်သို့ ပြောင်းလွဲနိုင်သည်။ Bublic Beta ရဲ့ တိုးတတ်ပြောင်းလွဲသောရလဒ်တွေက identifed bugs အတွဲများကို Fixed လုပ်နိုင်ပြီဖြစ်ပါသည်။
အခြား Part တခုဖြစ်သော measurement ရဲ့ ဒုတိယ အဆင့် စမ်းသပ်မှု အဖြစ် ဒီဇင်ဘာလတွင် ပြုလုပ်နိုင်ခဲ့သည်။ measurements နှင့်နှိုင်းယှဉ်ပြခြင်း ကို June နှင့် December တွင် ပြောင်းလွဲမှုရဲ့ အကျိုးသက်ရောက်မှုများကို ပြသခဲ့ပါသည်။ ၂နာရီ ၁၂မိနစ် ၅၈စက္ကန့်ရဲ့ ထက်ဝက်ခန့်သာ Service Publication က အချိန်ယူခဲ့သည်။ဒါတွေကလဲ တိုးတတ်ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ထိုတိုးတတ်မှုများကြောင့် နောင်တချိန်တွင် တည်ငြိမ်မှုဖြစ်လာစေဖို့ ကြာအချိန်အား စက္ကန့်၃၀အောက်သို့ လျှော့ချ နိုင်လာသည်။ မည်သို့ပင်ဆိုစေကာမှု Connection ဖြစ်ပေါ်လာရေး အတွက် အချိန်ယူတည်ဆောက်နိုင်ဖို့ ခန့်မှန်းခြေ ၅၆စက္ကန့် ခန့် hidden server နှင့် Hidden service ရရှိဖို့အတွက် ကြားတွင် တည်ငြိမ်တဲ့ ကွန်နက်ရှင် ရရှိဖို့တော့ ကြာမည်ဖြစ်ပါသည်။အဓိကအကြောင်းပြချက်ကတော့ Switch မှ ဗပာိုနှင့် Hidden service directory ထိန်းချူပ်မှုကြားက တိုးတတ်ကောင်းမွန်ခြင်းပြုလုပ်ခြင်း လွဲချော်လို့ဖြစ်ပါသည်။ ဒါကလဲ Hidden Service Directory မှ ဖြန့်ဖြူးခြင်းတိုင်မှီ မမျှော်လင့် သော ဆိုးရွားသော ရလဒ်ကြောင့် ဖြစ်ပါသည်။ နောက် လုပ်ရမဲ့ အစီအစဉ်များတွင်တော့ အဓိကအားဖြင့် Downloads ကိုထည့် hidden service directory မှ ဖြန့်ဖြူးဖို့ အဓိကထားစီစဉ်နေပါသည်။ ဥပမာအားဖြင့် တောင်းဆိုမှုအပြိုင်တွေအတွက် ။
လစဉ် update အခြေအနေ များရဲ့ အစီစဉ်ခံစာကို ကောက်ချက်ချခဲ့သည်။ ထွက်ရှိလာသော 0.2.1.x series အတွင်းပါဝင်ဖို့ the hidden service အသွင်အပြင်တိုးတတ်လာရေးအတွက် နောက်နောင် အပတ်စဉ် လစဉ်များတွင် နေရာယူ သွားမှာဖြစ်ပါသည်။

Links

Karsten Loesing ၊ Wermer Sandmann ၊ Christian Wilms နှင့် Guido Wirtz တို့ ရေးသားသော သုသေသန စာမျက်နှာတွင် Performance တိုင်းတာခြင်းများ နှင့် Tor Hidden Services ၏ ကိန်းဂဏာန်းအချက်အလက်များ (PDF)ပါဝင်သည်။ In the Proceedings of the 2008 International Symposium on Applications and the Internet (SAINT), Turku, Finland, July 2008.

#include <foot.wmi>