git.schokokeks.org
Repositories
Help
Report an Issue
tor-webwml.git
Code
Commits
Branches
Tags
Suche
Strukturansicht:
2d716acc1
Branches
Tags
bridges
docs-debian
jobs
master
press-clips
tor-webwml.git
docs
bms
tor-doc-relay.wml
new, updated, removed files for the website
Runa A. Sandvik
commited
2d716acc1
at 2010-10-02 13:16:14
tor-doc-relay.wml
Blame
History
Raw
## translation metadata # Revision: $Revision: 22144 $ # Translation-Priority: 2-medium #include "head.wmi" TITLE="Tor: Relay Configuration Instructions" CHARSET="UTF-8"

Tor ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်ခြင်း

ပြင်ဆင်မှု အဆင့်များ

<a href="<page docs/tor-doc-relay>#install">Download & ထည့်သွင်းခြင်း

<a href="<page docs/tor-doc-relay>#setup">ပြင်ဆင်သတ်မှတ်ခြင်း

<a href="<page docs/tor-doc-relay>#check">စစ်ဆေးခြင်း & အတည်ပြုခြင်း

<a href="<page docs/tor-doc-relay>#after">နောက်ဆုံး အဆင့်

Tor ကွန်ယက်မှာ စေတနာ့ဝန်ထမ်းများ၏ လှိုင်းအကျယ် လှူဒါန်းမှုပေါ်တွင် အမှီပြုထားပါသည်။ ထပ်ဆင့်လွှင့်သူပိုမိုလာလေ Tor ကွန်ယက်မှာ ပိုမိုမြန်ဆန်လာလေ ဖြစ်ပါသည်။ အကယ်၍ သင့်တွင် တစ်စက္ကန့် ၂၀ ကီလိုဘိုက်နှုန်း အနည်းဆုံး ရှိပါက သင့် Tor ကို ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်၍ Tor ကို ကူညီပါ။ ကျွန်ုပ်တို့တွင် Tor ကို ပိုမိုမြန်ဆန်စေရန်နှင့် အဆင်ပြေလွယ်ကူစေရန် <a href="<page faq>#RelayFlexible">လှိုင်းအကျယ်အတွက် နှုန်း ကန့်သတ်ခြင်း၊ တလွဲအသုံးပြုမှုအတွက် ဝေဖန်မှုများကို တုန့်ပြန်ရန် အထွက် မူဝါဒများနှင့် ပြောင်းလဲနိုင်သော အိုင်ပီလိပ်စာများအတွက် ထောက်ပံ့မှု တို့ပါဝင်သော အင်္ဂါရပ်များ ထည့်သွင်းထားပါသည်။

သင် Tor ထပ်ဆင့်လွှင့်ခြင်းကို များပြားစုံလင်သောလုပ်ဆောင်မှု စနစ်များတွင် လုပ်ဆောင်နိုင်ပါသည်။ Tor ထပ်ဆင့်လွှင့်ခြင်းများသည် Linux၊ OS X Tiger သို့မဟုတ် နောက်ပိုင်း OS များ၊ FreeBSD 5.x+ နှင့် Windows Server 2003 သို့မဟုတ် နောက်ပိုင်း OS များတွင် အကောင်းဆုံး လုပ်ဆောင်ပါသည်။

အဆင့် တစ်: ဒေါင်းလုဒ်ပြုလုပ်၍ Tor ကို ထည့်သွင်းပါ

မစတင်မီတွင် Tor ဖွင့်ထား၍ အလုပ်လုပ်နေကြောင်း သေချာအောင် ပြုလုပ်ရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့၏ <a href="<page easy-download>">ဒေါင်းလုဒ် စာမျက်နှာ နှင့် "ထည့်သွင်းမှုအစုအဝေး" ကို သင့် OS အတွက် ထည့်သွင်းပါ။

ထိုအရာက အဆင်ပြေလျှင် Tor ကို အသုံးပြုသူအဖြစ် ခဏအသုံးပြုပြီး အမှန်တကယ်အလုပ်လုပ်ကြောင်း သေချာအောင် ပြုလုပ်ပါ။

အဆင့် နှစ်: ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်ပါ။

သင့် အချိန်နာရီနှင့် အချိန်ဒေသများ မှန်ကန်စွာသတ်မှတ်ထားကြောင်း စစ်ဆေးပါ။ ဖြစ်နိုင်လျှင် သင့် နာရီကို အချိန်ဆာဗာများ နှင့် တပြေးညီဖြစ်စေရန် ချိန်ညှိယူပါ။

Tor ကို Vidalia Graphic Interface နှင့် ပြင်ဆင်သတ်မှတ်ခြင်း:

သင့် task bar ပေါ်ရှိ Vidalia icon ပေါ်တွင် ညာဘက်ကလစ်နှိပ်ပါ။ <tt>ထိန်းချုပ်မှု</tt> ကို ရွေးချယ်ပါ။

<tt>ထပ်ဆင့်လွှင့်မှု ပြင်ဆင်ထည့်သွင်းခြင်း</tt> ကို ကလစ်နှိပ်ပါ။

<tt>Tor ကွန်ယက်အတွက် ထပ်ဆင့်လွှင့် ပို့လွှတ်မှုများ</tt> ရွေးချယ်ပါ။ အများသုံး ထပ်ဆင့်လွှင့်သူ(အကြံပြုထောက်ခံပါသည်)ဖြစ်လိုပါလျှင် သို့မဟုတ် ရွေးချယ်လိုလျှင် <tt>ဆင်ဆာဖြတ်ခံ၍ အသုံးပြုနေသူများကို Tor ကွန်ယက်သို့ ရောက်ရှိနိုင်ရန် ကူညီပါ</tt> အကယ်၍ သင် အင်တာနက်ကို ဆင်ဆာဖြတ်ထားသော နိုင်ငံများမှ အသုံးပြုသူများအတွက် <a href="<page faq>#RelayOrBridge">ပေါင်းကူးသူ ဖြစ်လိုပါသလား။

သင့် ထပ်ဆင့်လွှင့်မှုအတွက် အမည်တစ်ခု ထည့်သွင်းပါ။ ပြီးလျှင် ဆက်သွယ်ရန်အချက်အလက်များကို ပြဿနာများနှင့်ပတ်သတ်၍ ဆက်သွယ်ရန် ထည့်သွင်းပါ။

<tt>port လက်ဆင့်ကမ်းခြင်းကို အလိုအလျောက် ပြင်ဆင်သတ်မှတ်ရန် ကြိုးပမ်းခြင်း</tt> ကို ကလစ်လုပ်၍ ထားခဲ့ပါ။ <tt>test</tt> ကို နှိပ်၍ အလုပ်လုပ်ခြင်း ရှိ မရှိ စစ်ဆေးပါ။ အလုပ်လုပ်လျှင် အောင်မြင်ပါပြီ။ မအောင်မြင်လျှင် အောက်ပါ နံပါတ်သုံးကို ကြည့်ပါ။

<tt>လှိုင်းအကျယ် ကန့်သတ်ချက်မျာ</tt>tab ကို ရွေးချယ်ပါ။ သင်ကဲ့သို့ Tor အသုံးပြုသူများအတွက် လှိုင်းအကျယ် မည်မျှ ပေးနိုင်သည်ကို ရွေးချယ်ပါ။

<tt>အထွက်မူဝါဒများ</tt>tab ကို ရွေးချယ်ပါ။ အခြား အသုံးပြုသူများမှ သင့် ထပ်ဆင့်လွှင့်မှုကို အသုံးပြု၍ ဤဝန်ဆောင်မှုများကို အသုံးပြုစေလိုလျှင် မည်သည့်အရာမျှ ပြောင်းလဲရန် မလိုအပ်ပါ။ <a href="<page faq>#ExitPolicies">သင့် ထပ်ဆင့်လွှင့်မှုမှ ရောက်ရှိခြင်း ကို ခွင့်မပြုလိုလျှင် ကလစ်လုပ်ထားခြင်းမှ ဖြုတ်လိုက်ပါ။ အထွက်မဟုတ်သော ထပ်ဆင့်လွှင့်သူဖြစ်လိုပါက ဝန်ဆောင်မှုများ အားလုံးကို ကလစ်လုပ်ထားခြင်းမှ ဖြုတ်လိုက်ပါ။

<tt>လက်ခံပါသည်</tt>ခလုပ်ကို ကလစ်နှိပ်ပါ။ အောက်ပါ အဆင့်သုံးကို ကြည့်ရှု၍ ထပ်ဆင့်လွှင့်ခြင်းမှာ မှန်ကန်စွာ အလုပ်လုပ်ကြောင်း အတည်ပြုပါ။

ကိုယ်တိုင် ပြင်ဆင်သတ်မှတ်ခြင်း:

သင့်ရဲ့ torrc ဖိုင်ထဲမှ bottom ကို Edit လုပ်သော အပိုင်း ။ အကယ်၍ အများနဲ့သက်ဆိုင်သော အစားထိုးခြင်း ( အကြံပြုထောက်ခံခြင်း ) ပြုလုပ်လိုလျှင်, သေချာသော အနက်ဖွင့် ORPort နှင့် <a href="<page faq>#ExitPolicies">Exit policy မှာ ရှာဖွေရန်; နောက်တနည်းအားဖြင့် <a href="<page faq>#RelayOrBridge">bridge, သက်ဆိုင်ရာ နိုင်ငံအလိုက် internet အသုံးပြုသော user များအနေဖြင့် ပြောင်းလွဲလိုလျှင် <a href="<page bridges>#RunningABridge">these lines ကိုအသုံးပြုရန်.

အကယ်၍သင်သည် Firewall အသုံးပြုလျှင်, ports အကုန်လုံးအား ပြုပြင်ပြောင်းလွဲရန် သင့်ရဲ့ Firewall အားဖွင့်ပြီး Incoming connection ၏ ( ORport,Plus DirPort များကို enabled ပေးရပါမည်). အကယ်၍များ သင်သည် Hardware Firewall များဖြစ်သော(Linksys box , Cablemodem, etc) အသုံးပြုနေလျှင် သင့်အနေနဲ့ portforward.com ပြုလုပ်ရပါမည်။ အလားတူ သင့်အနေနှင့် outgoing connection အားလုံးကိုလဲ allow လုပ်ပေးရပါမည်။ ထိုကဲ့သို့ ပြောင်းလွဲခြင်းဖြင့် အခြားသော Tor ပြောင်းလွဲခြင်းအဖြစ်ရောက်ရှိပါမည်။

သင်၏ပြောင်းလွဲခြင်းအတွက် Restart ပြုလုပ်ပါ။ အကယ်၍ မပာုတ်လျှင် logs any warnings, address them.

မေးလ်စာရင်းများထဲတွင် or-announceကို subscribe လုပ်ထားပါ။ volume အလွန်နိမ့်သော်လည်း အသစ်ထွက်သမျှ ဖြန့်ချိမှုတိုင်းကို သတင်းပေးပါလိမ့်မည်။ <a href="<page documentation>#MailingLists">ပိုမြင့်သော Tor listsကိုလည်း subscribe လုပ်ထားချင်မည်ထင်ပါသည်။

အဆင့် သုံး : အလုပ်လုပ်ဆောင်ရန် စစ်ဆေးခြင်း

သင်၏အစားထိုးထပ်ဆင့်လွှင့်မှုသည် ကွန်ယက်နှင့်ချိတ်ဆက်ပြီးပါက သင်ချိတ်ဆက်လိုက်သော port သည် ပြင်ပနှင့်ဆက်သွယ်မှု ရ၊မရကို ဆုံးဖြတ်ပေးပါလိမ့်မည်။ ဤအဆင့်ကတော့ မြန်လေ့ရှိပါသည်။ သို့သော် မိနစ် ၂၀ ခန့်လည်းကြာနိုင်ပါသည်။ log entryမှာ <tt>ORport နှင့်ပြင်ပဆက်သွယ်မှု ရှိမရှိ ကိုယ်တိုင်စမ်းသပ်ခြင်း၊ ကောင်း</tt>ဟု ပြနေသလားကိုကြည့်ပါ။ ထိုစာသားကိုမတွေ့လျှင် သင့်ထပ်ဆင့်အစားထိုးလွှင့်ထုတ်မှု ပြင်ပနှင့် ချိတ်ဆက်မရနေပါ။ ထိုအခါ သင့် firewall များက IP နှင့် Port များ အလုပ်လုပ်ရဲ့လားဟု ပြန်စစ်ပါ။

ချိတ်ဆက်မှုရသွားပြီဆိုပါက "server descriptor"ကို directory များထဲသို့ upload လုပ်ပေးပါလိမ့်မည်။ ထိုအခါမှသာ သုံးစွဲသူများက သင့်အစားထိုးထုတ်လွှင့်မှုသည် မည်သည့် address,port,keys များကိုသုံးနေသည်ကို သိနိုင်မည်။ နက်ဝေါ့ခ် status များထဲမှ တစ်ခုကို တဆင့်ချင်းသုံးစွဲခြင်းလည်း ပြုလုပ်နိုင်ပြီး သင်ပြချင်သော နာမည်ဝှက်ကိုလည်း ရှိနေတာသေချာသလားလို့ ရှာဖွေနိုင်ပါသည်။ Fresh directory ဖြစ်ဖို့ အချိန်လုံလောက်စေရန် ၁ နာရီခန့်တော့ စောင့်ပေးရပါမည်။

အဆင့်လေး : စတင်အလုပ်လုပ်ခြင်း

အောက်ဖော်ပြပါအဆင့်များကိုလည်း အသုံးပြုနိုင်ပါသည်။

၆. သင့် relay ကို လုံခြုံရေးမည်သို့ တိုးမြင့်မည်ကို သိရှိရန် operational လုံခြုံရေးအကြောင်းကိုဖတ်ပါ ။

၇. အစားထိုးမှုတစ်ခုထပ်ပို၍ လုပ်ချင်ပါကလည်း ရပါသည်။ သို့သော် သင်၏ အစားထိုးထုတ်လွှင့်မှုဖိုင်တိုင်းမှ the MyFamily optionကို ပြင်ဆင်ပေးပါ။

၈.ံကြိမ်နှုန်းများရွေးချယ်ကန့်သတ်ဖို့ ဆုံးဖြတ်ပါ။ ကျပ်တောက်ခြင်း၊ ပြွတ်သိပ်ခြင်းများမဖြစ်အောင် Cable modem, DSL နှင့် အခြားသော အချိုးမညီသည့် bandwidth များရှိနေသည့် သုံးစွဲသူများ (ဥပမာ- download က upload ထက်များနေခြင်း) များကို bandwidth လျှော့ချကန့်သတ်သင့်ပါသည်။ အသေးစိတ်ကို ကြိမ်နှုန်းကန့်သတ်ခြင်း FAQ entryမှာ ကြည့်ပါ။

၉. သင်၏ tor relay လျှို့ဝှက်ကုတ်ကို back up လုပ်ထားပါ ( သင့် Data Directory ထဲရှိ "keys/secret_id_key" တွင်သိမ်းပါ)။ အဲ့ဒါသည် သင်၏ အစားထိုးမှု "identity," ဖြစ်ပြီး သေချာစွာသိမ်းမှသာ တခြားသူက မသိနိုင်ဘဲ သင်မည်သည့် relay လမ်းကြောင်းကို သုံးနေသလဲမသိနိုင်တော့မှာဖြစ်သည်။ တခုခုမှားယွင်းခဲ့လျှင် သင့် Tor relay ကို ရွှေ့ပြောင်းသိမ်းဆည်းရန် လိုအပ်လာမည်ဖြစ်သည့် အရေးပါသည့်ဖိုင် ဖြစ်သည်။

၁၀. သင့် ဒိုမိန်း၏ name server ကို ထိန်းချုပ်လျှင် သင့် DNS host name ကို 'anonymous-relay', 'proxy','tor-proxy' စသဖြင့် ပြန်ပြောင်းပေးပါသည်။ ထို့ကြောင့် အခြားသူများက သူတို့စာမျက်နှာများတွင် ဤလိပ်စာများကိုမြင်သောအခါ မည်သို့အသုံးပြုနေသည်ကို လျင်မြန်စွာနားလည်နိုင်ပါလိမ့်မည်။ သင်သည် exit node ဖြင့် အသုံးပြုနေပါက vhost ပေါ်တွင် <a href="<gitblob>contrib/tor-exit-notice.html">Tor exit noticeကိုထည့်သွင်းခြင်းက သင့်နာမည်နှင့် ISP ကို ဟန့်တားခြင်းမှ ကာကွယ်ပေးလိမ့်မည်။

သင့်ကွန်ပျူတာက webserver မသုံးထားဘူးဆိုလျှင် သင့် ORPort ကို 443၊ DirPort ကို 80 သို့ ပြောင်းပေးပါသည်။ ထိုပြောင်းလဲပေးမှုကြောင့် ဝဘ်စာမျက်နှာများကိုသာ ကြည့်ခွင့်ပေးသော firewall ကြောင့် အခက်ခဲဖြစ်နေရသည့် Tor အသုံးပြုသူတော်တော်များများကို Tor Relay ရရှိစေနိုင်ပါသည်။ Win32 ပြင်ဆင်မှုက ORPort နှင့် DirPort ကို torrc ဆီသို့ အလွယ်တကူပြောင်းပေးပြီး tor ကိုပြန်လည်စတင်ပေးပါသည်။ OS X နှင့် Unix ပြင်ဆင်မှုများကတော့ root လုပ်ဆောင်မှုမရှိသဖြင့် port များကို တိုက်ရိုက်မစုစည်းပေးပါ။ ထို့ကြောင့်  port forwardingကဲ့သို့သော လုပ်ဆောင်မှုများကိုပြုလုပ်ရပါမည်။ ထိုမှသာ Tor Relay ဆီကို ချိတ်ဆက်ရနိုင်ပါမည်။ ယခုသုံးနေသော port သည် 80/443 ဆိုလျှင် 22,11, 143 များကိုလည်း အသုံးပြုနိုင်ပါသေးသည်။

၁၂. သင့် Tor relay က IP လိပ်စာတစ်ခုထဲတွင် အများသုံး webserver ကဲ့သို့သော အခြားသောဝန်ဆောင်မှုကိုလည်း ပေးနေပါက ထိုwebserver ကိုချိတ်ဆက်နေသော connection များကို local host မှလည်းခွင့်ပြုကြောင်းသေချာပါစေ။ သင်၏ Tor relay သည် webserver ကိုလှမ်းချိတ်ရန် စိတ်အချရဆုံးဖြစ်ကြောင်း သုံးစွဲသူများက ရှာဖွေတွေ့ရှိစေဖို့ ထိုချိတ်ဆက်မှုများကို ခွင့်ပြုပေးရပါမည်။ အကယ်၍ ထိုချိတ်ဆက်မှုမျိုးကို ခွင့်မပြုလိုပါလျှင် exit policy ထဲတွင် အသေးစိတ်တိကျစွာ တားမြစ်ထားဖို့လိုပါမည်။

၁၃. (Unix အတွက်သာ). Relay သုံးရန် သုံးစွဲသူသီးခြားသတ်မှတ်ထားပါ။ OS X အစု သို့မဟုတ် deb, rpm တို့ကို သွင်းသည်ဆိုလျှင် ထိုအဆင့်ကို အလိုလျောက်ပြုလုပ်ပေးပြီးဖြစ်ပါမည်။ သို့မဟုတ် ကိုယ်တိုင်လည်းလုပ်၍ရပါသည်။ (Tor relay သည် root အနေဖြင့် သုံးရန်မလိုပါ၊ root အသုံးမပြုခြင်းအတွက် ကျင့်သားရစေပါသည်။ tor သုံးစွဲသူအနေဖြင့် အသုံးပြုခြင်းက သုံးစွဲသူနာမည်ကို ခြေရာခံမိစေသော identd နှင့် အခြားဝန်ဆောင်မှုများကို ရှောင်ရှားပေးပါသည်။ ထိုအကြောင်းကို သံသယရှိပါက Tor ကို chroot jail ထဲထည့်ရန်လက်မနှေးပါနှင့်။

၁၄. (Unix အတွက်သာ) အလုပ်လုပ်နေသောသင့်စနစ်များက 1024 တွင် ဖွင့်ထားသောဖိုင် descriptor အရေအတွက်မည်မျှရှိမည်ကို ကန့်သတ်ထားနိုင်သည်။ အကယ်၍ မြန်ဆန်သော exit node ကိုသုံးနေမည်ဆိုပါက ဤအရေအတွက်ဖြင့် မလောက်ပါ။ Linux တွင်မူ သင့် /etc/security/limits.conf ဖိုင်ထဲသို့ "toruser hard nofile 8192" စာတန်းကိုထည့်ပေးရမည် (tor ၏လုပ်ဆောင်ချက်များကို သုံးစွဲသူကိုယ်တိုင်က လုပ်ဆောင်နေချိန်တွင်) ပြီးနောက် အစုလိုက် install လုပ်ထားသည်ဆိုပါက tor ကိုအစမှပြန်၍ ဖွင့်ပေးရမည်။ (ကိုယ်တိုင်သွင်းယူထားပါက ထွက်ပြီးမှ ပြန်ဝင်ပါ)

၁၅. Installer သို့မပာုတ် အချို့ package များမှ တဆင့် Tor ကို သွင်းပါက ၊ အလိုအလျှောက် Boot ကနေ သေချာပေါက်စတင်ပါလိမ့်မည်။ မူရင်းဖိုင်မှ Install လုပ်လျှင် conrib/tor.sh နှင့် contrib/torctl မှ initscripts ကို ရှာတွေ့ပါမည်။

Tor လုပ်ဆောင်ချက်များကို ပြောင်းလဲပြီးနောက်တွင် သင့် အစားထိုးဆင့်ပွားမှုများ မှန်ကန်စွာအလုပ်လုပ်ခြင်းရှိမရှိကို သေချာစွာစစ်ဆေးပါ။ "ContactInfo" ကိုလည်း torrc အဖြစ်ထားပြီးကြောင်းသေချာပါစေ။ ထိုအခါမှသာ တစုံတခုမှားယွင်းခြင်းနှင့် upgrade လုပ်ခြင်းများအတွက် သင့်ကို ဆက်သွယ်၍ ရနိုင်မည်ဖြစ်ပါသည်။ ပြဿနာတစုံတခု သို့မဟုတ် မေးစရာရှိပါက <a href="<page documentation>#Support">အထောက်ကူကဏ္ဍတွင်လည်းကောင်း tor-ops စာရင်းရှိ <a href="<page contact>">ဆက်သွယ်ရန် တွင်လည်းကောင်းကြည့်နိုင်ပါသည်။ Tor ကွန်ယက်ကို ပိုမိုတိုးတက်ရန်ကူညီမှုအတွက် ကျေးဇူးတင်ပါသည်။

ဒီ Document နှင့်ပက်သက်သော သင်၏အကြံပြုချက်များကို ထည့်သွင်းလိုလျှင် <a href="<page contact>">ပို့ပေးပါ. ကျေးဇူးတင်ပါသည်။

#include <foot.wmi>