git.schokokeks.org
Repositories
Help
Report an Issue
tor-webwml.git
Code
Commits
Branches
Tags
Suche
Strukturansicht:
2d716acc1
Branches
Tags
bridges
docs-debian
jobs
master
press-clips
tor-webwml.git
docs
bms
tor-hidden-service.wml
new, updated, removed files for the website
Runa A. Sandvik
commited
2d716acc1
at 2010-10-02 13:16:14
tor-hidden-service.wml
Blame
History
Raw
## translation metadata # Revision: $Revision: 22314 $ # Translation-Priority: 3-low #include "head.wmi" TITLE="Tor: Hidden Service Configuration Instructions" CHARSET="UTF-8"

<a href="<page index>">Torအတွက် သိုဝှက်ထားသော ဝန်ဆောင်မှု များကို ပြင်ဆင်ခြင်း

Tor သည် client များနှင့် relay များကို ဝှက်ထားသော ဝန်ဆောင်မှုများအား ကမ်းလှမ်းရန် ခွင့်ပြုသည်။ သင်၏ IP လိပ်စာကို ၎င်း အသုံးပြုသူများသို့ ထုတ်ဖော်ပြောဆိုခြင်း မပြုပဲ web server ၊ SSH server စသည်တို့ကို ကမ်းလှမ်းနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် အများဆိုင်ရာ လိပ်စာကိုမှ သင်အသုံးမပြုခြင်းကြောင့် ဖြစ်ပြီး သင့် firewall နောက်ကွယ်မှ ဝှက်ထားသော ဝန်ဆောင်မှုများကို run နိုင်သောကြောင့်ဖြစ်သည်။

အကယ်၍ Tor install လုပ်ပြီးလျှင် ကျွန်ုပ်တို့၏ ဝှက်ထားသော ဝန်ဆောင်မှု ဥပမာကို သွားရောက်ကြည့်ရှုခြင်းအားဖြင့် ဝှက်ထားသော ဝန်ဆောင်မှုများ၏ ပြုမူပုံကို ကြည့်နိုင်ပါသည်။

မည်သို့လုပ်ရမည် သည် သင့်ကိုယ်ပိုင် ဝှက်ထားသော ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ကို မည်သို့ set up ပြုလုပ်ရမည် ဆိုသော အဆင့်များကို ဖော်ပြသည်။ ဝှက်ထားသော ဝန်ဆောင်မှု protocol များ မည်သို့အလုပ်လုပ်သည် ဆိုသော နည်းပညာ အသေးစိတ်အတွက် <a href="<page hidden-services>">ဝှက်ထားသော ဝန်ဆောင်မှု protocolစာမျက်နှာကို ကြည့်ပါ။

အဆင့် သုည: Tor အလုပ်လုပ်ခြင်း

မစတင်ခင်မှာ သေချာအောင် လုပ်ဖို့ လိုအပ်သည်:

Tor တက်လာပြီး run နေသည်။

သင်တကယ် မှန်ကန်စွာ set up လုပ်ထားသည်။

Windows users များအနေဖြင့် ပြုလုပ်သင့်သော <a href="<page docs/tor-doc-windows>">Windows တွင် ဘယ်လိုပြုလုပ်နည်း ၊ OS X users များအနေဖြင့်<a href="<page docs/tor-doc-osx>">OS X တွင်ပြုလုပ်နည်း နှင့် Linux/BSD/Unix users များအတွက် <a href="<page docs/tor-doc-unix>">Unix တွင်အသုံပြုနည်း.

သင် Tor ကို တစ်ကြိမ် install လုပ်ပြီး ပြင်ဆင်ပြီးတာနှင့် ကျွန်ုပ်တို့၏ ဝှက်ထားသော ဝန်ဆောင်မှု ဥပမာတွင် ဝှက်ထားသော ဝန်ဆောင်မှုများ၏ ပြုမူဆောင်ရွက်ပုံကို ကြည့်နိုင်ပါသည်။ သို့မဟုတ် Wikileaks ဝှက်ထားသော ဝန်ဆောင်မှု။ ပုံမှန်အားဖြင့် load လုပ်ရန် စက္ကန့် ၁၀ မှ ၆၀ အထိ ကြာပါတယ်။ (သို့မဟုတ် ၎င်းသည် လက်ရှိအချိန်တွင် မရောက်ရှိနိုင် ဖြစ်နေသလားဆိုတာ ဆုံးဖြတ်ပါ)။ ရုတ်တရက် ကျသွားလျှင် သင်၏ browser က pop up အသိပေးချက် "www.duskgytldkxiuqc6.onion ကိုမတွေ့ပါ၊ ကျေးဇူးပြု၍ အမည်ကို စစ်ဆေးပြီး ပြန်လည်ကြိုးစား ကြည့်ပါ" ဖြင့် Tor ကို မှန်ကန်စွာ မပြင်ဆင်ထားဘူးဆိုတာ ပြောပြပါလိမ့်မည်။ အချို့သော အကူညီအတွက် the it-doesn't-work FAQ entryကို ကြည့်ပါ။

အဆင့်တစ်: local web server ထည့်သွင်းခြင်း

web server ကို local မှာ set up ပြုလုပ်ဖို့ လိုအပ်ပါသည်။ web server ကို set up ပြုလုပ်ခြင်းဟာ လှည်စားနိုင်ပါတယ်။ ထို့ကြောင့် အခြေခံအနည်းငယ်ကို သွားနိုင်ပါသည်။ အကယ်၍ ပိုမိုပြုလုပ်လိုလျှင် သင့်ကို ကူညီနိုင်မည့် သူငယ်ချင်းကို ရှာပါ။ သင့်ဝှက်ထားသော ဝန်ဆောင်မှု အတွက် web server ကို အသစ်ခွဲခြားပြီး install လုပ်ရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ တစ်ခုကို install လုပ်ပြီးသားဆိုလျှင် တကယ့် ဝက်ဘ်ဆိုက်အတွက် သင်အသုံးပြုရလိမ့်မည်။ (သို့မဟုတ် နောက်မှ အသုံးပြုလျှင်လည်း ရသည်။)

အကယ်၍ Unix သို့မဟုတ် OS X ပေါ်မှာဆိုရင် command-line တွေနှင့် သင်ရင်းနှီးကျွမ်းဝင်နေလျှင် thttpdကို install သွင်းဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ နောက်ဆုံးထွက် tarball ကို ရယူပါ။ tar ပြန်ဖြည်ပါ။ (၎င်းသည် ကိုယ်ပိုင် လမ်းကြောင်းကို ဖန်တီးပါလိမ့်မည်)။ run ပါ<kbd>./ ပြင်ဆင်ပါ&& ပြုလုပ်ပါ။</kbd> <kbd>mkdir hidserv; cd hidserv</kbd> နှင့်<kbd>../thttpd -p 5222 -h localhost ကို run ပါ။</kbd> ၎င်းသည် သင့်ကို prompt ပြန်ပြလိမ့်မည်။ ယခု သင်သည် port 5222 ပေါ်တွင် webserver ကို run နေပါသည်။ ဖိုင်များကို ဝှက်ထားသော လမ်းကြောင်းထဲတွင် ဝန်ဆောင်ရန် ထည့်သွင်းနိုင်ပါသည်။

သင်ဟာ Windows ပေါ်မှာဆိုလျှင် Savant သို့မဟုတ် Apache ကိုရွေးပါ။ ၎င်းတစ်ခုတည်းကိုပဲ localhost ကို ပေါင်းစည်းတာ ဖြစ်ပါစေ။ မည်သည့် port ကို သင် နားထောင်နေတယ်ဆိုတာ သတိမူသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အောက်ဖော်ပြပါကို အသုံးပြုမှာ ဖြစ်သောကြောင့် ဖြစ်သည်။

(web server သီးသန့် localhost တွင် ပေါင်းထည့်ရခြင်း၏ အကြောင်းရင်းမှာ public အားဖြင့် မရယူနိုင်စေရန် ဖြစ်သည်။ အကယ်၍ လူတွေက ၎င်းကို တိုက်ရိုက်ရယူနိုင်လျှင် သင်၏ ကွန်ပြူတာသည် ဝှက်ထားသော ဝန်ဆောင်မှုအား ခွင့်ပြုသည်ဟု ၎င်းတို့က အတည်ပြုနိုင်လိမ့်မည်။)

web server set up ကို သင်ရလျှင် ၎င်းအလုပ်လုပ်သလားဆိုတာ သေချာပါစေ။ သင်၏ browser ကိုဖွင့်ပြီး အထက်တွင် port 5222 ရယူထားရာ နေရာဖြစ်သောhttp://localhost:5222/ ကိုသွားပါ။ ထို့နောက် အဓိက html directory ထဲတွင် ထည့်သွင်းကြည့်ပါ။ ဆိုက်ကို သင်ကြည့်တဲ့အခါ ၎င်းဖော်ပြသလား ဆိုတာ သေချာပါစေ။

အဆင့်နှစ် : သင်၏ ဝှက်ထားသော ဝန်ဆောင်မှုကို ပြင်ဆင်ပါ

ဝှက်ထားသော ဝန်ဆောင်မှု ကို သင်၏ local web server သို့ ညွှန်းရန် ပြင်ဆင်ဖို့ လိုအပ်ပါသည်။

သင်နှစ်သက်ရာ text editor ထဲတွင် torrc ဖိုင်ကို ဖွင့်ပါ။ (ဘာဆိုလိုတယ် ဆိုတာ သိအောင် the torrc FAQ entry ကိုကြည့်ပါ။)

\############### ၎င်း ကဏ္ဍသည် ဝှက်ထားသော ဝန်ဆောင်မှုများ၏ တည်နေရာ အတွက်ဖြစ်သည်။ ###

၎င်း ဖိုင် ကဏ္ဍတွင် ဝှက်ထားသော ဝန်ဆောင်မှုကို တစ်ခုချင်းစီ ကိုယ်စားပြုသော လိုင်းအုပ်စုများ ပါဝင်သည်။ ယခုလက်ရှိတွင် # နှင့်စသော လိုင်းများ မှတ်ချက်ထွက်ပေါ် ပြီးနောက် ဝှက်ထားသော ဝန်ဆောင်မှုများသည် disable ဖြစ်သွားသည်။ လိုင်းအုပ်စု တစ်ခုချင်းစီတွင် <var>HiddenServiceDir</var> လိုင်းပါဝင်ပြီး တစ်ခုထက်ပိုသော <var>HiddenServicePort</var> လိုင်းများ ပါဝင်သည် :

<var>HiddenServiceDir</var>သည် ဝှက်ထားသော ဝန်ဆောင်မှုများကို Tor သိမ်းထားသည့် လမ်းကြောင်းဖြစ်သည်။ ပုံမှန်အားဖြင့် Tor သည် onion URL ကိုပြောပြမည့် <var>hostname</var> ဖိုင်ကို ဖန်တီး ပေးလိမ့်မည်။ ၎င်း directory ထဲသို့ အခြား မည်သည့် ဖိုင်များကိုမှ ထပ်ပေါင်းမထည့်ပါနှင့်။ ၎င်းသည် thttpd ကို set up လုပ်တဲ့အခါ သင်ဖန်တီးထားသော ဝှက်ထားသည့် လမ်းကြောင်းကဲ့သို့ ၊ သင်၏ လျှို့ဝှက်အချက်အလက်များ ပါဝင်သော HiddenServiceDirကဲ့သို့ တူညီသော လမ်းကြောင်း မဟုတ်ပါ။

<var>HiddenServicePort</var>သည် virtual port တစ်ခုကို သတ်မှတ်စေပါသည်။ (၎င်းသည် မည်သည့် port နှင့် လူများက ဝှက်ထားသော ဝန်ဆောင်မှုကို ရယူနေသည်၊ မည်သည်ကို အသုံးပြုနေသည်ဆိုသည်ကို စဉ်းစားလိမ့်မည်။) ဆက်သွယ်မှုများအား ပြန်ညွှန်းရန် IP လိပ်စာနှင့် portကို ၎င်း virtual port အဖြစ် သတ်မှတ်စေပါသည်။

အောက်ပါ လိုင်းကို သင်၏ torrc သို့ ပေါင်းထည့်ပါ :

HiddenServiceDir /Library/Tor/var/lib/tor/hidden_service/ HiddenServicePort 80 127.0.0.1:5222

<var>HiddenServiceDir</var>လိုင်းကို ပြင်ချင်လျှင် Tor ကို run နိုင်ပြီး အသုံးပြုသူတွေ read လုပ်နိုင်/write လုပ်နိုင်သော အမှန်တကယ် လမ်းကြောင်းကိုသာ ညွှန်းပါ။ အကယ်၍ သင် OS X Tor package ကိုသုံးနေတယ်ဆိုလျှင် အထက်ပါ လိုင်းသည် အလုပ်လုပ်သင့်သည်။ Unix ပေါ်မှာ ဆိုလျှင် "/home/username/hidden_service/" ကိုကြိုးစားကြည့်ပါ။ "username" နေရာမှာ သင့်ကိုယ်ပိုင username ကို ဖြည့်ပါ။ Windows ပေါ်မှာ ဆိုလျှင် သင်ရွေးချယ်ရမှာက:

HiddenServiceDir C:\Documents and Settings\username\Application Data\hidden_service\\ HiddenServicePort 80 127.0.0.1:5222

torrc ကို ယခုသိမ်းပါ။ သင်၏ Tor ကိုပိတ်ပါ။ ထို့နောက် ပြန်လည်စတင်ပါလိမ့်မည်။

အကယ်၍ Tor ပြန်လည် စတင်လျှင် ကောင်းပါသည်။ တစ်နည်းအားဖြင့် တစ်စုံတစ်ခု မှားယွင်းနေ၍ ဖြစ်သည်။ သဲလွန်စအတွက် သင်၏ logfile များကို အရင်ကြည့်ပါ။ အခြား သတိပေးချက်များ သို့မဟုတ် အမှားအယွင်း အသိပေးချက်များကို ဖော်ပြပေးလိမ့်မည်။ ၎င်းသည် ဘာမှားသွားတယ်ဆိုတဲ့ အကြံဉာဏ်ကို ပေးသင့်ပါသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် torrc ထဲရှိ typos သို့မဟုတ် လမ်းကြောင်းခွင့်ပြုချက် အမှားဖြစ်သည်။ အကယ်၍ သင်၏ log ဖိုင်ကို မည်သို့ enable လုပ်ရမည် သို့မဟုတ် ဘယ်လိုရှာဖွေရမည်ကို မသိလျှင် the logging FAQ entryကိုကြည့်ပါ။

Tor စတင်လိုက်တာနဲ့ သင်သတ်မှတ်ထားသော<var>HiddenServiceDir</var>အလိုအလျောက် ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ ဖိုင် နှစ်ခု ဖန်တီး လိမ့်မည်။

<var>private_key</var>

ပထမဦးစွာ Tor သည် သင်၏ ဝှက်ထားသော ဝန်ဆောင်မှုအတွက် public/private ကီးအစုံလိုက် အသစ်ကို ထုတ်ပေးမည် ဖြစ်သည်။ ၎င်းသည် "private_key" ဟုခေါ်သော ဖိုင်ထဲသို့ ရေးသားမည် ဖြစ်သည်။ ၎င်း key ကို တစ်ခြားသူများကို မပေးပါနှင့်။ အကယ်၍ သင်ပေးခဲ့လျှင် သင်၏ ဝှက်ထားသော ဝန်ဆောင်မှုကို သိရှိသွားလိမ့်မည်။

<var>hostname</var>

တစ်ခြား Tor ဖိုင်ဖန်တီးတာကို "hostname" ဟုခေါ်သည်။ ၎င်းတွင် သင့် public key အကျဉ်းချုပ် ပါဝင်ပါသည်။ ၎င်းသည် <tt>duskgytldkxiuqc6.onion</tt> နှင့် ဆင်တူသည်။ သင့်ဝန်ဆောင်မှုအတွက် အများနှင့်သက်ဆိုင်သော နာမည် ဖြစ်ပြီး အခြားသူများကို ပြောပြနိုင်သည်။ ဝက်ဘ်ဆိုက်တွင် တင်နိုင်သည်။ သင့် bussiness ကဒ်တွင် ထည့်နိုင်သည်။ စသည်ဖြင့် ၎င်းအား သင့်စိတ်တိုင်းကျ ဖော်ပြနိုင်သည်။

သင်မဟုတ်ပဲ တစ်ခြားသူက Tor ကို run နေလျှင် ၎င်းဖိုင်ကို မြင်ရရန် သင်သည် root ဖြစ်ရန် လိုအပ်သည်။ ဥပမာ OS X, Debian, or Red Hat

Tor ကို ပြန်လည် စတင်ပြီးဖြစ်ပါတယ်။ Tor ကွန်ယက်ထဲမှ မိတ်ဆက် points များကို ရယူနေသဖြင့် အလုပ်များနေပါတယ်။ ဝှက်ထားသော ဝန်ဆောင်အား ဖော်ပြချက် ဝန်ဆောင်မှု၏ public key အပြည့်စုံနှင့်အတူ မိတ်ဆက်ပွိုင့်များ စာရင်းကို သတ်မှတ်ထားပြီးသား ဖြစ်သည်။ directory ဆာဗာများ ထဲကို ၎င်း ဖော်ပြချက် အား အမည်ဝှက်ဖြင့် ဖော်ပြသည်။ အခြားသူများသည် သင်၏ ဝန်ဆောင်မှုကို ရယူရန်ကြိုးစားတဲ့အခါ ၎င်းတို့က အမည်ဝှက်ဖြင့် သင့် directory server များထဲမှ ရယူလိမ့်မည် ဖြစ်သည်။

၎င်းကိုယခုကြိုးကြည့်ပါ: hostname အညွှန်းဖိုင်ကို သင့် web browser ထဲသို့ ကူးထည့်ပါ။ အကယ်၍ အလုပ်လုပ်သည်ဆိုလျှင် အဆင့်တစ်မှာ set up လုပ်ခဲ့သလို html စာမျက်နှာ တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ အကယ်၍ အလုပ်မလုပ်ဘူးဆိုလျှင် အချို့သောသဲလွန်စအတွက် log တွေထဲမှာ ရှာကြည့်ပါ။ ၎င်းအလုပ်လုပ်သည် အထိ ဆက်လုပ်နေပါ။

အဆင့် သုံး: ပိုမိုအဆင့်မြင့်သော အကြံပြုချက်များ

သင့်ဝန်ဆောင်မှု ရရှိနိုင်ခြင်းကို အချိန်ကြာကြာထိန်းထားချင်ရင် တစ်နေရာရာမှာ <var>private_key</var> ဖိုင် ကော်ပီကို backup လုပ်ထားရပါမယ်။

အထက်ဖော်ပြပါ Apache ကို အကြံပြုခြင်းအား ရှောင်ကြဉ်သည်။ (က)အသုံးပြုသူတွေဟာ ၎င်းတို့ကွန်ပြူတာပေါ်ရှိ web server အတွက် run ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ (ခ) ၎င်းတို့သည် သင်၏ IP လိပ်စာကို ဖော်ပြဖို့ နေရာအများအပြားရှိပြီး ကြီးမားသောကြောင့် ဖြစ်သည်။ ဥပမာ 404 စာမျက်နှာများ။ function အစုံအသုံးပြုလိုသော သူများအတွက် Apache သည် မှန်ကန်သော အဖြေတစ်ခု ဖြစ်လိမ့်မည်။ ဝှက်ထားသော ဝန်ဆောင်မှုကို သင်အသုံးပြုနေတဲ့အချိန်မှာ တစ်ခြားသူတစ်ယောက်ယောက်က သင့် Apache ကို lock လုပ်ပစ်လိုက် နိုင်သလား။ Savant တွင်လည်း ၎င်းပြဿနာရှိသည်။

ဝှက်ထားသော ဝန်ဆောင်မှု တစ်ခုအတွက် virtual port မျိုးစုံကို ရှေ့ဆက်ချင်တယ် ဆိုလျှင် <var>HiddenServicePort</var> လိုင်းများကို ပေါင်းထည့်ပါ။ အကယ်၍ တူညီသော Tor client ဆီမှ ဝှက်ထားသော ဝန်ဆောင်မှုမျိုးစုံ run ချင်တယ်ဆိုလျှင် အခြားတစ်ခုကို ပေါင်းထည့်ပါ။ <var>HiddenServiceDir</var> line. အောက်ဖော်ပြပါအတိုင်း<var>HiddenServicePort</var> လိုင်းများသည် ဤ<var>HiddenServiceDir</var> လိုင်းကို ရည်ညွှန်းသည်။ အခြား<var>HiddenServiceDir</var> လိုင်းတစ်ခုကို မပေါင်းထည့်ခင်အထိတိုင်အောင်:

HiddenServiceDir /usr/local/etc/tor/hidden_service/ HiddenServicePort 80 127.0.0.1:8080 HiddenServiceDir /usr/local/etc/tor/other_hidden_service/ HiddenServicePort 6667 127.0.0.1:6667 HiddenServicePort 22 127.0.0.1:22

အချို့သော အမည်ဝှက် ရမည့် ကိစ္စရပ်များသည် သင့်စိတ်ထဲတွင်သာ သိမ်းထားသင့်သည်:

အထက်တွင် ညွှန်းဆိုထားသကဲ့သို့ပင် သင်၏ ဝက်ဘ်ဆာဗာက သင့်အကြောင်း သတင်းအချက်လက်များ ၊ သင့်ကွန်ပြူတာ သို့မဟုတ် သင့်နေရာကို ဖော်ပြခြင်းကို ဂရုစိုက်ပါ။ ဥပမာအားဖြင့် စာဖတ်သူတွေဟာ thttpd သို့မဟုတ် Apache ဆိုတာကို ဆုံးဖြတ် နိုင်ပါသည်။ သင့် operating system အကြောင်း လေ့လာပါ။

အကယ်၍ သင့်ကွန်ပြူတာသည် အချိန်တိုင်း online မဖြစ်လျှင် သိုဝှက်ထားသော ဝန်ဆောင်မှုများသည်လည်း အလုပ်လုပ် မည် မဟုတ်ပေ။ ၎င်းအချက်အလက်များကို စောင့်ကြည့်လေ့လာပါ။

ဤစာရွက်စာတမ်းကို တိုးတက်အောင် အကြံဉာဏ်ပေးလိုလျှင် <a href="<page contact>">ကျွန်ုပ်တို့အား ပေးပို့ပါ ကျေးဇူးတင်ပါတယ်။

#include <foot.wmi>