git.schokokeks.org
Repositories
Help
Report an Issue
tor-webwml.git
Code
Commits
Branches
Tags
Suche
Strukturansicht:
2d716acc1
Branches
Tags
bridges
docs-debian
jobs
master
press-clips
tor-webwml.git
bms
torusers.wml
new, updated, removed files for the website
Runa A. Sandvik
commited
2d716acc1
at 2010-10-02 13:16:14
torusers.wml
Blame
History
Raw
## translation metadata # Revision: $Revision: 22261 $ # Translation-Priority: 2-medium #include "head.wmi" TITLE="Who uses Tor?" CHARSET="UTF-8"

ကနဦး

Tor ကို ဘယ်သူတွေအသုံးပြုသလဲ?

<a href="<page torusers>#normalusers">ပုံမှန်လူတွေက Tor ကိုအသုံးပြုသည်

<a href="<page torusers>#military">စစ်ဘက်ဆိုင်ရာများက Torကို အသုံးပြုသည်။

<a href="<page torusers>#journalist">ဂျာနယ်လစ်တွေနှင့် ၎င်းတို့ပရိသတ်များက Tor ကိုအသုံးပြုသည်။

<a href="<page torusers>#lawenforcement">ဥပဒေရေးရာ အရာရှိများက Tor ကို အသုံးပြုသည်။

<a href="<page torusers>#activists">လှုပ်ရှားသူမျာနှင့် အစိုးရလုပ်ရပ်များကို ထောက်ပြပြောဆိုသူများက Tor ကို အသုံးပြုသည်။

<a href="<page torusers>#spotlight">High & low profile ပြုလုပ်ထားသော လူများက Tor ကို အသုံးပြုသည်။

<a href="<page torusers>#executives">စီးပွားရေး အလုပ်အမှုဆောင်များက Tor ကိုအသုံးပြုသည်။

<a href="<page torusers>#bloggers">ဘလော့ဂ်ကာတွေက Tor ကိုအသုံးပြုသည်။

<a href="<page torusers>#itprofessionals">IT Professionals များက Tor ကို အသုံးပြုသည်။

Tor ကို မူလက တတိယမျိုးဆက် Naval Research Laboratory ၏ onion routing projectအဖြစ် ဒီဇိုင်းထုတ်ခြင်း၊ အကောင်ထည်ဖော်ခြင်း၊ ဖြန့်ကျက် ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အမေရိကန် ရေတပ်၏ စိတ်ကူးစိတ်သန်းဖြစ်ပြီး အစိုးရ၏ ဆက်သွယ်ချိတ်ဆက်မှုများကို ကာကွယ်ရန် အတွက် ဖြစ်သည်။ ယနေ့တွင်တော့ စစ်ဘက်ဆိုင်ရာတွင် ကျယ်ပြန့်သော ကိစ္စရပ်များတွင် အသုံးပြုပြီး ဂျာနယ်လစ်များ၊ ဥပဒေအရာရှိများ၊ လှုပ်ရှားသူများ နှင့် အခြားသူများက အသုံးပြုနေကြပါပြီ။ အချို့သော အထူးပြုအသုံးပြုမှုများ ရှိကြသည်။

သာမန်လူတွေက Tor ကိုအသုံးပြုသည်။

၎င်းတို့သည် မသမာသော ဈေးကွက်ရှာဖွေသူတွေနှင့် ID သူခိုးတွေဆီက ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကာကွယ်သည်။Internet Service Providers (ISPs) သည် ဈေးကွက်ရှာဖွေသူ သို့မဟုတ် ၎င်းအတွက် ပေးချေလိုသော တစ်စုံတစ်ယောက် ကို သင့်အင်တာနက် browsing မှတ်တမ်းများကို ရောင်းလိုက်သည်။ ISP များက အမည်ဝှက်ထားတဲ့ အချက်အလက်တွေဟာ ကိုယ်ရေး ကိုယ်တာ ID အချက်အလက်များကို ထောက်ကူမပေးနိုင်ပါ ဟုပြောသော်လည်း ၎င်းသည် မှားယွင်းပါသည်။ သင်သွားလည်ပတ်တဲ့ ဆိုက်မှန်သမျှ၏ မှတ်တမ်းအပြည့်အစုံ၊ သင်ရှာဖွေလိုက်တဲ့ text တိုင်း၊ ဖြစ်နိုင်ခြေရှိသော userid နှင့် password အချက်အလက်တွေတောင်မှ ၎င်းအချက်အလက် အစိတ်အပိုင်းအဖြစ် ရှိနေပါသေးတယ်။ သင့် ISP အပြင်၊ ဝက်ဘ်ဆိုက်များ (နှင့် search engines) များတွင် တူညီသော သို့မဟုတ် များစွာသော အချက်အလက်များ ပါဝင်တဲ့ ၎င်းတို့ကိုယ်ပိုင် log များရှိသည်။

တာဝန်မယူသောအဖွဲ့အစည်းများဆီမှ ၎င်းတို့၏ ဆက်သွယ်မှုများကို ကာကွယ်ပေးသည်။အင်တာနက်ပေါ်တွင် Tor သည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ နှင့် ကိုယ်ပိုင်အချက်အလက်များ ချိုးဖောက်ခံနေရခြင်း အကြောင်းနှင့် ပတ်သက်၍ လူထုကို အကြံပြုနေပါသည်။ ပျောက်ဆုံးသွားသော backup tape များဆီမှ သုတေသနပြုသူများအား အချက်လက်ပေးပစ်လိုက်ခြင်းဆီသို့ ၊ သင့်အချက်အလက်များသည် တစ်ခါတစ်ရံ ကောင်းစွာ မကာကွယ်ထားလျှင် သင့်အနေနှင့် ၎င်းကို လုံခြုံစွာ ထိန်းသိမ်းထား ရမည်။

သူတို့သည်အွန်လိုင်းတွင် သူတို့ကလေးများအား ကာကွယ်ပေးသည်။ သင့်ကလေးများအား အွန်လိုင်းတွင် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖော်ပြရန် မသင့်ဘူးဆိုတာ ပြောပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် သူတို့ ၏ IP လိပ်စာကို ဝှက်မထားပဲ သူတို့ တည်နေရာကို ဝေမျှချင် ဝေမျှပါလိမ့်မည်။ IP လိပ်စာများသည် မြို့မြေပုံ သို့မဟုတ် လမ်းတည်နေရာများကိုတောင် လုံးစေ့ပတ်စေ့ သိရှိနိုင်သည်။ သင်ဘယ်လို အင်တာနက် ချိတ်ဆက်အသုံးပြုနေတယ် ဆိုတဲ့အကြောင်း အခြားအချက်အလက်များကို ထုတ်ဖော်ပြောဆိုနိုင်သည်။အမေရိကန်နိုင်ငံတွင် အစိုးရသည် ၎င်းမြေပုံကို ပို၍ အသေးစိတ် ဆွဲရန် တွန်းအားပေးနေသည်။

၎င်းတို့သည် အထိမခံသော ကဏ္ဍများကို သုတေသနပြုသည်။ အွန်လိုင်းပေါ်တွင် အချက်အလက် အလျှံပယ်ရှိသည်။ သို့သော်လည်း သင့်နိုင်ငံတွင် AIDS ၏ အချက်အလက်များကို ရယူခြင်း၊ မွေးဖွားမှုနှုန်းကို ထိန်းချုပ်ခြင်း တိဘက်ယဉ်ကျေးမှု သို့မဟုတ် ကမ္ဘာ့ ဘာသာရေးများ သည် national firewall နောက်ကွယ်တွင် ရှိသည်။

စစ်ဘက်ဆိုင်ရာများသည် Tor ကို အသုံးပြုကြသည်။

Field Agents: တော်လှန်ပုန်ကန်မှုများအတွက် အင်တာနက် လမ်းကြောင်းများကို စောင့်ကြည့်ရန်၊ ဟိုတယ်အားလုံးနှင့် စစ်ဘက်ဆိုင်ရာ ဆာဗာများကို ချိတ်ဆက်နေမှုများမှ အခြားတည်နေရာများကို စူးစမ်းရှာဖွေနိုင်ရန် မခဲယဉ်းပေ။ စစ်ဘက်ဆိုင်ရာ အေးဂျင့်များသည် Torက ၎င်းတို့ လည်ပတ်နေသည့် ဆိုက်များကို ဖုံးကွယ်ရန် အဝေးဆီမှ အသုံးပြုခြင်းအား စစ်မျက်နှာဖြန့်ကျက်သည်။ ရုပ်ဝတ္ထုဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများမှ ကိုယ်တိုင် ကာကွယ်သကဲ့သို့ စစ်ဘက်ဆိုင်ရာ စိတ်ဝင်စားမှုများ နှင့် operation များအား ကာကွယ်သည်။

DARPA အားဖြင့် အင်တာနက်ကို ပုံစံပြုလုပ်ထားသည့်အခါ ၎င်းကနဦး ရည်ရွယ်ချက်သည် ဒေသန္တရ ဆန္ဒပြသည့် ကိစ္စများတွင် အားကောင်းသော ဆက်သွယ်မှုများ ဖြန့်ဖြူးရာ၌ ကူညီပံ့ပိုးပေးရန်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အချို့သော function များသည် ထိန်းချုပ်မှုဆိုက်များနှင့် command ကဲ့သို့ ဗဟိုချုပ်ကိုင်မှုပြုလုပ်ရန် လိုအပ်သည်။ အွန်လိုင်းသို့ ရောက်ရှိနိုင်သော ဆာဗာတစ်ခုခု၏ ပထဝီဆိုင်ရာ တည်နေရာကို ထုတ်ဖော်ပြောရန်မှာ အင်တာနက် protocol များ၏ သဘာဝဖြစ်သည်။ Tor ၏ ဝှက်ထားသော ဝန်ဆောင်မှု အစွမ်းသည် စစ်ဘက်ဆိုင်ရာ အမိန့်များကို ခွင့်ပြုပြီး စူးစမ်းရှာဖွေခြင်းနှင့် ဖျက်ချခြင်းမှ ရုပ်ဝတ္ထုဆိုင်ရာ လုံခြုံရေးကို ထိန်းချုပ်ပေးနိုင်သည်။

Intelligence gathering:စစ်ဘက်ဆိုင်ရာ အမှုထမ်းများသည် electronic အရင်းမြစ်များကို run ရန်၊ တော်လှန်ပုန်ကန်မှုများကို စောင့်ကြည့်ရန် အသုံးပြုဖို့ လိုအပ်သည်။ ၎င်းတို့သည် စောင့်ကြည့်လေ့လာခြင်းကို ထုတ်ဖော်ပြောဆိုကာ စစ်ဘက်ဆိုင်ရာ လိပ်စာကို မှတ်တမ်းတင်ထားမည့် တော်လှန်ပုန်ကန်သော ဝက်ဆိုက်များပေါ်က webserver logs ကို အလိုမရှိကြပေ။

ဂျာနယ်လစ်များနှင့် ၎င်းတို့စာဖတ်ပရိသတ်များသည် Tor ကို အသုံးပြုကြသည်။

နယ်စည်းမခြား သတင်းထောက်များသည် ဖြောင့်မတ်၍ အင်တာနက်ကြောင့် အကျဉ်းကျခံနေသူများ နှင့် အကျဉ်းချခံထားရခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းခံနေရသော တစ်ကမ္ဘာလုံးရှိ ဂျာနယ်လစ်များကို ခြေရာခံသည်။ ၎င်းတို့သည် ဂျာနယ်လစ်များ၊ သတင်းရင်းမြစ်များ၊ ဘလော့ဂ်ကာများ နှင့် စောင့်ကြည့်ခံနေရသူများက Tor ကို ၎င်းတို့ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် အသုံးပြုရန် အကြံပြုသည်။

The US International Broadcasting Bureau (Voice of America/Radio Free Europe/Radio Free Asia) သည် လွတ်လပ်သော မီဒီယာများကို ရယူရန် လုံခြုံမှုမရှိသော နိုင်ငံများရှိ အင်တာနက် အသုံးပြုသူများကို ကူညီရန် Tor ဖွံ့ဖြိုးတိုးတက်မှုများ၌ ကူညီထောက်ပံ့ပေးသည်။ Tor သည် နိုင်ငံဆိုင်ရာ firewall များ နောက်ကွယ်ရှိ ပုဂ္ဂိုလ်ရေး အခွင့်အလမ်းများ သို့မဟုတ် ဖိနှိပ်ချုပ်ချယ်သော အစိုးရ၏ စောင့်ကြည့်ခံရခြင်းအောက်တွင် ဒီမိုကရေစီ၊ စီးပွားရေးနှင့် ဘာသာရေး အပါအဝင် အငြင်းပွားဖွယ် ကဏ္ဍများမှ တစ်ကမ္ဘာလုံးဆိုင်ရာ အမြင်ကျယ်မှုများ ရရှိရန် ထိန်းသိမ်းစောင့်ရှောက်ပေးသည်။

တရုတ်ပြည်မှ Citizen journalist များသည် လူ့အဖွဲ့စည်း ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းချက်များကို ရေးသားရန် Tor ကို အသုံးပြုကြသည်။

Internet black holesထဲရှိ နိုင်ငံသားများနှင့် ဂျာနယ်လစ်များသည် နိုင်ငံ၏ ဝါဒဖြန့်ချီရေးနှင့် မတူညီသော ရှုထောင့်များကို သုတေသန ပြုလုပ်ရန် Tor ကို အသုံးပြုသည်။ နိုင်ငံက ထိန်းချုပ်မထားသော မီဒီယာများနှင့် ဇာတ်လမ်းများ ၊ အသိဉာဏ်ဆိုင်ရာ ကိစ္စရပ်များ၏ ပုဂ္ဂိုလ်ရေးအကျိုးဆက်များကို ရှောင်ကြဉ်ရန် ဖြစ်သည်။

ဥပဒေရေးရာ အရာရှိများသည် Tor ကိုအသုံးပြုကြသည်။

Online surveillance: Tor သည် မေးခွန်းမေးနိုင်သော ဝက်ဘ်ဆိုက် နှင့် ဝန်ဆောင်မှုများကို ရယူရန် တရားဝင်ခွင့်ပြုထားသည်။ အကယ်၍ တရားမဝင် လောင်းကစား ဆိုက်၏ system administrator သည် usage log များထဲရှိ ဥပဒေရေးရာ အဖွဲ့အစည်းများ သို့မဟုတ် အစိုးရ ၏ IP လိပ်စာများဆီမှ ချိတ်ဆက်မှု အစုံအလင်ကို ကြည့်လျှင် စုံစမ်းစစ်ဆေးမှုများကို နှောင့်နှေးစေသည်။

Sting operations:အွန်လိုင်းတွင် လျှို့ဝှက်စွာလုပ်ကိုင်ရသော လုပ်ဆောင်မှုများ၌ အမည်ဝှက်ခြင်းသည် ဥပဒေအရာရှိများအား ထောက်လှမ်းရန် ခွင့်ပြုသည်။ အကယ်၍ ဖုံးကွယ်မထားသော ရဲလိပ်စာများဆီမှ IP နှုန်းများပါဝင်သောချိတ်ဆက်မှုများ ရှိခဲ့လျှင် လျှို့ဝှက်စွာလုပ်ကိုင်ရသော အရာရှိများ၏ ယုံကြည်စိတ်ချရမှုသည် ဘယ်လောက်ကောင်းသလဲဆိုတာ ဂရုမပြုပဲ ရှိလိမ့်မည်။

အမှန်တကယ် အမည်ဝှက်ခြင်း အချက်အလက်လိုင်းများ: အွန်လိုင်း အမည်ဝှက် အသုံးပြုခြင်း အချက်သည် ထင်ရှားပြီး အမည်ဝှက်ခြင်း ဆော့ဖ်ဝဲမရှိပဲ အနည်းငယ်အသုံးဝင်ပါသည်။ ရှုပ်ထွေးသော အရင်းမြစ်များသည် အကြံပြုချက်များကို မတွဲဘဲ အမည် သို့မဟုတ် အီးမေးလ်လိပ်စာ ကို နားလည်နိုင်သည်။ ဆာဗာ log များသည် ၎င်းတို့ကို အလျင်အမြန် ခွဲခြားနိုင်သည်။ ၎င်းရလဒ်အရ အမည်ဝှက်ခြင်းကို အားမပေးသော အကြံပြုချက်လိုင်း ဝက်ဘ်ဆိုက်သည် ၎င်းတို့အကြံပြုချက်များ၏ အရင်းမြစ်ကို ကန့်သတ်ထားသည်။

လှုပ်ရှားသူများ နှင့် ထုတ်ဖော်ပြောဆိုသူများသည် Tor ကို အသုံးပြုကြသည်။

အန္တရာယ်ရှိသော ဇုံများတွင် အမည်ဝှက်ဖြင့် report တင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများက Tor ကို အသုံးပြုသည်။ နိုင်ငံတကာတွင် အလုပ်သမားအခွင့်အရေးလှုပ်ရှားများသည် Tor ကို အသုံးပြုပြီး online နှင့် offline အမည်ဝှက်ဖြင့် အသုံးပြုခြင်းသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းကို သဘောတူညီခြင်း ဖြစ်သည်။ ၎င်းတို့သည် ဥပဒေနှင့် ဖြစ်နေရင်တောင် လုံခြုံသည်ဟု မဆိုလိုနိုင်ပေ။ Tor သည် ထုတ်ဖော်ပြောဆို အသံများထွက်ပေါ်နေတုန်းမှာ ရပ်တန့်ခြင်းကို ရှောင်ကြဉ်ရန် ထောက်ကူပေးပါသည်။

အမေရိကတွင် အုပ်စုများသည် Friends Service Committee နှင့် ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့များသည် စောင့်ကြည့်လေ့လာမှုအောက်တွင်ရောက်ရှိခြင်းသည် အကြမ်းဖက်သမားများ ရန်မှ ကာကွယ်ရန် ဥပဒေက ကာကွယ်ပေးထားခြင်း ဖြစ်သည်။ များစွာသော ငြိမ်းချမ်းရေး သမားများသည် တရားဝင်လှုပ်ရှားမှုအတွင်း Tor တွင် relay ကိုပြောင်းလဲရန်မှာ အခြေခံ ကိုယ်ပိုင်အခွင့်အရေးဖြစ်သည်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာခြင်းသည် ၎င်း report တွင် Tor ကို အကြံပြုထားသည်။ တရုတ်အင်တာနက် ပိတ်ဆို့ခြင်းတွင် ပူးပေါင်းပါဝင်မှုကို Tor project ခေါင်းဆောင်ဖြစ်သော Roger Dingledine နှင့် အင်တာဗျူးတွင် လေ့လာပါ။ ၎င်းတို့သည် Tor ကဏ္ဍထဲတွင် “ ကြီးမားသော တရုတ် firewall”ကို ဘယ်လိုခွဲထုတ်ရမည် ဆိုသည်ကို cover ဖြစ်စေသည်။ “လုံခြုံစိတ်ချရသော browsing and ဆက်သွယ်မှုများ” အတွက် လူ့အခွင့်ရေးလှုပ်ရှားသူများ Tor ကိုဖြတ်၍ အသုံးပြုရန် အကြုံပြပါသည်။

စေတနာ့ဝန်ထမ်း များသည် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်corporate responsibility campaignကို ကူညီရန် Tor က အကြံပြုထားပြီးဖြစ်သည်။ ၎င်းတို့၏ တရုတ်အင်တာနက် ကိစ္စရပ်များတွင် report အပြည့်အစုံ ကို လည်းကြည့်ရှုနိုင်ပါသည်။

Global Voicesသည် အထူးသဖြင့် ၎င်းဝက်ဘ်ဆိုက်ကို ဖြတ်၍ အမည်ဝှက်ဖြင့် bloggingလုပ်ခြင်းအတွက် Tor ကို သုံးရန်အကြုံပြုသည်။

အမေရိကန်တွင် တရားရုံးချုပ်သည် အစိုးရ၏လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုသူများအား တရားဝင်ကာကွယ်ထားမှုကို ဖယ်ထုတ်လိုက်သည်။ သို့သော် ထုတ်ဖော်ပြောဆိုသူတွေဟာ အစိုးရကို ပွင့်လင်းမှုရှိအောင် လုပ်ဖို့အတွက် Tor ကို တရားစွဲခြင်းမခံရပဲ အသုံးပြုနိုင်သည်။

ကျွန်ုပ်တို့အတွက် အလုပ်လုပ်နေသော သူ၏ အကျိုးအမြတ်မယူသော အာဖရိက report များတွင် လူထုကျန်းမာရေး အလုပ်လုပ်နေသူများ၏များစွာသော ပျက်စီးဆုံးရှုံးများကို cover ဖြစ်ရန် ၁၀% ဘတ်ဂျက် တင်ပြမှုများတွင်အများအားဖြင့် လာဘ်ပေးလာဘ်ယူကိစ္စရပ်များ ပါဝင်နေသည်။ ရာခိုင်နှုန်းများ တဖြည်းဖြည်းတက်လာသောအခါ ၎င်းတို့သည် ငွေရေးကြေးရေး ကိစ္စများကို မဖြေရှင်းနိုင်ရုံမက complain များကိုလဲ မဖြေရှင်းနိုင်တော့ပေ။ ၎င်းအချက်သည် အန္တရာယ်များသော အချက်ဖြစ်လာသည်။ သူတို့အလုပ်ကို ဆက်လက်လုပ်နိုင်ရန် အစိုးရ၏ နှောင့်ယှက်မှုများကို ထောက်ပြပြောဆိုသည့်အခါ လုံခြုံမှုရှိစေရန် Tor ကိုအသုံးပြုသည်။

လတ်တလော ညီလာခံ၌ Tor ဝန်ထမ်းများက အရှေ့အမေရိကန်မှ လာသော အမျိုးသမီးကို အမှတ်မထင်တွေ့ခဲ့ပါသည်။ သူမသည် မြို့၏ စီးပွားရေးနှင့် အစိုးရကိစ္စရပ်များကို လွှမ်းမိုးနေသော ကုမ္ပဏီအလျင်အမြန်ပြုပြင်ပြောင်းလဲရေးကိစ္စ ကို အမည်ဝှက်ဖြင့် ဘလော့ဂ်ရေးသားရန် ကြိုးစားခဲ့သူဖြစ်သည်။သူမသည် ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးစေမှုများအား စုစည်းပေးခြင်းဖြစ်သည်။

အရှေ့အာရှတွင် အချို့သော အလုပ်သမား အဖွဲ့စည်းများသည် အမည်ဝှက်ခြင်းအားဖြင့် မတရားခိုင်းစေသော စက်ရုံအလုပ်ရုံများ၏ အချက်အလက်များ ကို local အလုပ်သမားအဖွဲ့စည်း သိစေရန် အသုံးပြုကြသည်။

Tor သည် လှုပ်ရှားတက်ကြွသူများ က အစိုးရကို သို့မဟုတ် အဖွဲ့အစည်း နှောင့်နှေးအောင် ဆင်ဆာဖြတ်တောက်မှုများအား ရှောင်ကြဉ်ရန် ကူညီပေးသည်။ တစ်ခါတုန်းက ကနေဒါဝန်ထမ်းများက ကုမ္ပဏီကို ဆန္ဒပြရန်ရှိသည်ကို ကနေဒါ ISP သည် ပြည်ထောင်စုဝက်ဘ်ဆိုက်ကို ပိတ်ဆို့ထားခြင်းအား ၎င်းတို့အား ကြည့်ရှုနိုင်အောင် Tor က ကူညီပေးခဲ့သည်။

High & low profile ပြုလုပ်ထားသော လူများသည် Tor ကို အသုံးပြုသည်။

အွန်လိုင်းတွင် အမြဲတမ်း ပုဂ္ဂိုလ်ရေးဘဝမှ သင့်ပိတ်ဆို့ခံရခြင်းကို မီးမောင်းထိုးပြနေသလား? New England ပြည်နယ်မှ ဥပဒေပြုရေး ရှေ့နေ သည် အမည်ဝှက်ဖြင့် blog ကို ထိန်းသိမ်းထားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဥပဒေရေးရာ ဂုဏ်ရှိန်တွင် အမျိုးမျိုးကွဲပြားသော အမှုသည်များနှင့် သူ၏ နိုင်ငံရေးယုံကြည်ချက်တွေဟာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေ၍ ဖြစ်သည်။ သူဂရုစိုက်တဲ့ အကြောင်းအရာတွေရဲ့ ကိစ္စရပ်များ ပေါ်တွင် တိတ်ဆိတ်စွာ ကျန်နေတာကို သူအလိုမရှိပါဘူး။ Tor က သူ့ရဲ့ ခံစားချက်ကို လုံခြုံအောင် သူ၏ အများပြည်သူအမြင်တွင် သူ့ရဲ့အမြင်သည် သူ့အပေါ်အကျိုးသက်ရောက်မှုမရှိပဲ ဖော်ပြနိုင်အောင် ကူညီပေးသည်။

ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် နေထိုင်နေရသော လူများသည် မကြာခဏ လူမှုပတ်ဝန်းကျင်တွင် အပြည့်အဝ ပူးပေါင်းမပါဝင်ကြပေ။ စိတ်မဝင်စားခြင်း လျစ်လျှူရှုခြင်းများ မဟုတ်ပေမယ့် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခု သင့်သူဌေးထံသို့ ရေးလိုက်လျှင် သင်အလုပ်ပြုတ်မှာလား? အကယ်၍ social worker က system ၏ သင့်ထင်မြင်ယူဆချက်ကို ဖတ်ခဲ့လျှင် သင့်ကို မတူကွဲပြားစွာ ဆက်ဆံမှာလား? အမည်ဝှက်ခြင်းသည် အသံမဲ့ခြင်း အသံကို ပေးသည်။ ၎င်းကို ထောက်ခံရန် လက်ရှိ Tor တွင် ဖွင့်ထားသော Americorps/VISTA အနေအထားသည် စောင့်ဆိုင်းနေဆဲဖြစ်သည်။ အစိုးရခွင့်ပြုချက်သည် အချိန်တိုင်း စေတနာ့ဝန်ထမ်းတွေကို အချိန်ပြည့် ထောက်ပံ့ကြေးပေးကာ သင်ရိုးညွှန်းတမ်းကို ဖန်တီးရန် ဝင်ငွေနည်းသော လူဦးရေများ နိုင်ငံသားဆိုင်ရာ ကတိသစ္စာများအား လုံခြုံစိတ်ချရအောင် မည်သို့ အမည်ဝှက် အသုံးပြုရမည်ဆိုသည့် ဖော်ပြပါ။ ထို့ကြောင့် မကြာခဏဆိုသလို ဆင်းရဲသူများသည် နိုင်ငံသားဆိုင်ရာ ကတိကသစ္စာများအတွက် အွန်လိုင်းကို ရယူအသုံးပြုခြင်း မရှိကြပေ။ ၎င်းတို့ ကိုယ်ပိုင်စိတ်ဝင်စားမှုများမှာပဲ ပြုမူလုပ်ဆောင်ပါတယ်။ ကျွန်ုပ်တို့၏ အဆိုကြမ်းသည် (ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောဆိုချက်များ နှင့် ပုံပြင်ဆန်သော အချက်အလက်များပေါ်တွင် မူတည်သည်။) ထုံးစံအတိုင်း“ အမြဲတမ်း မှတ်တမ်းတင်ကာ အင်တာနက်တွင် ပြောဆိုခြင်းမှ အားနည်းချက်များကို ထိန်းသိမ်းပေးထားသည်။ ကျွန်ုပ်တို့ ဘယ်လို အွန်လိုင်းကို လုံခြုံမှုပိုမိုရှိစေရန် ဘယ်လို ဆက်နွယ်မှုပြုလုပ်ထားတယ် ဆိုတာကို အများပြည်သူတွေကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။ နှစ်ကုန်တွင် နိုင်ငံသားဆိုင်ရာ ကတိကဝတ်များသည် မည်သို့ online ဖြစ်သည်။ မည်သို့ offline ဖြစ်တယ်ဆိုတာ ပြောင်းလဲထားခြင်းကို တွက်ချက်သည်။ ဆက်လက်ပြီး နောင်အနာဂတ်တွင် လူတွေ ဘယ်လို မြင်မလဲ။

စီးပွားရေး executive များသည် Tor ကိုအသုံးပြုသည်။

လုံခြုံရေးဆိုင်ရာ အချက်အလက်ခွဲ clearinghouses: အင်တာနက်တိုက်ခိုက်မှုများတွင် အချက်အလက်များ၏ လုံခြုံရေးဆိုင်ရာ clearinghouse ၌ ဘဏ္ဍာရေးဆိုင်ရာ တက္ကသိုလ်များကို ပူးပေါင်းပါဝင်ရန် ပြောပါ။ အတိုင်ပင်ခံကဲ့သို့ အဖွဲ့ဝင်များက အခွဲများမှ ဗဟိုအုပ်စုများဆီသို့ တင်ပြရန် လိုအပ်သည်။ ဆက်နွယ်နေသည့်တိုက်ခိုက်မှုများသည် တန်းတူပုံစံများ ကို ရှာဖွေတွေ့ရှိရန်ဖြစ်ပြီး အသိပေးချက်အဖြစ် ပို့လိုက်သည်။ သို့သော် အကယ်၍ St. Louis ရှိ သတ်မှတ်ထားသော ဘဏ် သည် အခွဲတစ်ခုဖြစ်လျှင် ၎င်းတို့သည် တိုက်ခိုက်သူများက ဝင်လာနေသည့် လမ်းကြောင်းများ အချက်အလက်များ လာရာ နေရာကို စောင့်ကြည့်ခြင်းအား အလိုမရှိကြပေ။ ထို့ကြောင့် packet တိုင်းကို encrypt လုပ်ထားသည်။ IP လိပ်စာသည် ချုံ့ထားသော system ၏ တည်နေရာကို ပေါ်လွင်စေသည်။

သင်၏ ဈေးကွက်ပြုလုပ်မှု အဖြစ် ယှဉ်ပြိုင်ပွဲကို ကြည့်ခြင်း:အကယ်၍ သင်သည် ယှဉ်ပြိုင်သူ၏ ဈေးနှုန်းကို စစ်ဆေးဖို့ ကြိုးစားလျှင် ၎င်းတို့ဝက်ဘ်ဆိုက်ပေါ်တွင် မည်သည့်အချက်အလက် ကိုမှ တွေ့ရှိမှာ မဟုတ်ပဲ လှည့်စားထားသော အချက်အလက်များကို သာတွေ့ရှိမှာ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ web server သည် ယှဉ်ပြိုင်သူများဆီမှ ချိတ်ဆက်မှုကို သိရှိစေရန် key လုပ်ထား၍ ဖြစ်သည်။ သင့်ဝန်ထမ်းဆီသို့ အချက်အလက်အမှားများ ပျံ့နှံ့ခြင်းအား ပိတ်ဆို့ပါ။ Tor သည် အများပြည်သူတွေ ကြည့်နိုင်သကဲ့သို့ စီးပွားရေးလုပ်ငန်းကိုလဲ ၎င်းတို့၏ ကဏ္ဍများအား ကြည့်နိုင်ရန် ခွင့်ပြုထားသည်။

မဟာဗျူဟာများကို လျှို့ဝှက်စွာ ထိန်းသိမ်းပေးခြင်း: ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် စက်ရုံဆိုင်ရာ စောင့်ကြည့်သူများက မည်သည့် ၎င်းတို့၏ ဆန်းစစ်ချက်များ ဝက်ဘ်ဆိုက်ကို စောင့်ကြည့်နေသလဲဆိုတာကို သိပ်အလိုမရှိကြပေ။ လမ်းကြောင်းဆိုင်ရာ ပုံစံများ၏ အရေးကြီးသော မဟာဗျူဟာ နှင့် အချက်အလက် တစ်ခုချင်းစီကို စောင့်ကြည့်ခြင်း များကို စီးပွားရေးကမ္ဘာ၏ နယ်ပယ် အတော်များများတွင် ကျယ်ပြန့်စွာ အသိမှတ် ပြုရန် စတင်သည်။

ပွင့်လင်းမြင်သာမှု: တာဝန်မယူနိုင်သော၊ မတင်ပြနိုင်သော corporate လှုပ်ဆောင်မှုများတွင် အဆုံးအဖြတ်မပေးနိုင်သော ဒေါ်လာသန်းနှင့်ချီ စီးပွားရေးလုပ်ငန်းများရှိသောအခါ အခွင့်အာဏာရှိ၍ စွမ်းဆောင်မှုရှိကာ မှန်ကန်တဲ့ ဘဏ္ဍာစိုးများသည် ဝန်ထမ်းအင်အား တစ်ခုလုံးကို ထုတ်ဖော်ပြောဆို လိုကြသည်။ Tor က အတွင်းရေး ပွင့်လင်းမှုများကို ထောက်ပြပြောဆိုမှုမပြုခင် အခြေအနေ အထိ ပံ့ပိုးပေးသည်။

ဘလော့ဂ်ကာတွေ Tor ကို အသုံးပြုသည်။

တရားစွဲတာ သို့မဟုတ် အလုပ်ဖြုတ်တာခံရသော ဘလော့ဂ်ကာတွေ အကြောင်း ၎င်းတို့ ဘလော့ဂ်ပေါ်မှာ အွန်လိုင်း တရားဥပဒေရေးရာကိစ္စရပ်များ အကြောင်းကို ကျွန်ုပ်တို့ မကြာခဏ ကြားနေရပါသည်။

ဘလော့ဂ်ကာများ အတွက် EFF တရားဝင် လမ်းညွှန်ကို ကျွန်ုပ်တို့ အကြံပြုပါသည်။

Global Voices သည်Wordpress နှင့် Tor နှင့်အတူ အမည်ဝှက်ဖြင့် blogging လုပ်ခြင်း လမ်းညွှန်ကို ထိန်းသိမ်းပေးသည်။

IT Professional တွေဟာ Tor ကို အသုံးပြုသည်။

Tor သည် IP အခြေခံသည့် firewall စည်းမျဉ်းများ ကို အတည်ပြုသည်။ firewall သည် အချို့IP လိပ်စာများ သို့မဟုတ် နှုန်းများကိုသာ ခွင့်ပြုသော မူဝါဒအချို့ရှိသည်။ Tor သည် ကုမ္ပဏီပြင်ပမှာ သတ်မှတ်ပိုင်းခြားပေးထားသော IP နံပါတ်က IP ကို block လုပ်ရန် အသုံးပြုခြင်းအားဖြင့် ဤသို့ပြင်ဆင်မှုများကို အတည်ပြုနိုင်သည်။

ကျွမ်းကျင်သူ၏ လုပ်ဆောင်များ အတွက် Tor သည် ၎င်းကိုယ်ပိုင် လုံခြုံရေးစနစ်ကို ဖြတ်သန်းအသုံးပြုသည်: ၎င်းဖြစ်စဉ်ကြောင့် ဝန်ထမ်းများသည် အင်တာနက်ပေါ်မှ ကြည့်ရှုနိုင်ခြင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီများက တင်းကျပ်သော မူဝါဒများ ထားရှိသည်။ ဖြစ်နိုင်သော ချိုးဖောက်မှု ကို log က ပြန်လည် သုံးသပ်နိုင်သည်။ Tor သည် လုံခြုံရေးစနစ်များ အစုဝေးထဲသို့ ထည့်သွင်းခြင်း မရှိပဲနှင့် အချက်အလက်များကို အတည်ပြုနိုင်သည်။

ဖြုတ်ထားသော ဝန်ဆောင်မှုများကို Tor ပြန်လည် ချိတ်ဆက်ရန်: ကွန်ယက်အင်ဂျင်နီယာက စစ်ဆေးခြင်း၏ အစိတ်ပိုင်းအဖြစ် အပိုစက်ပစ္စည်းနှင့် အသုံးပြုသူ အကောင့်များ မလိုအပ်ပဲ Tor ကို အဝေးကနေ ဝန်ဆောင်မှုသို့ ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

အင်တာနက် အရင်းမြစ်ကို ရယူရန် : အိုင်တီဝန်ထမ်းတွေ နှင့် ပုံမှန် ဝန်ထမ်းတွေ အတွက် လက်ခံနိုင်သော မူဝါဒကို အသုံးပြုခြင်းသည် အများအားဖြင့် ကွဲပြားခြားနားသည်။ Tor သည် စံ လုံခြုံရေး မူဝါဒများကို ချန်ထားပစ်ခဲ့ပြီး ထိန်းချုပ်မထားသော အင်တာနက်ကို ချိတ်ဆက်ခြင်းအား ခွင့်ပြုနိုင်သည်။

Tor ISP ကွန်ယက် ပတ်လည်တွင် အလုပ်လုပ်သည် : တစ်ခါတစ်ရံ ISP သည် routing သို့မဟုတ် DNS ပြဿနာ များရှိလျှင် တကယ် ISP က အလုပ်မလုပ်ဘူးဆိုလျှင် Tor သည် အင်တာနက် အရင်းမြစ်များကို ပြုလုပ်နိုင်သည်။ ၎င်းသည် အရေးမပါသော အခက်အခဲအခြေအနေ ကိုဖြစ်ပေါ်စေနိုင်ပါသည်။

ကျေးဇူးပြု၍ သင်၏ အဖြစ်အပျက်အပြည့်စုံကို ကျွန်ုပ်တို့ထံ ပေးပို့ပါ။ ၎င်းတို့သည် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် Tor က အမည်ဝှက်ခြင်းကို အထောက်ကူပေးသော ကြောင့်ဖြစ်သည်။ ၎င်းသည် <a href="<page faq-abuse>"> Tor ၏ မလိုချင်သော effect များ အကြောင်း ထင်ကြေးများ ဖြစ်သည်။ ၎င်း ပြည့်စုံသွားတဲ့အခါ မည်သူမှ သတိထား မထားမိပေ။ လူတွေနှင့် အဖွဲ့အစည်းတွေဟာ အမည်ဝှက်စွာ နေထိုင်ပြီး တန်ပြန် ထုတ်လုပ်မှု ပြုလုပ်နိုင်သည်ဆိုသည့် အကြောင်းအရာများ ကိုဖော်ပြခြင်းသည် အသုံးပြုသူတွေအတွက် ကောင်းပါသည်။ သို့သော် ကျွန်ုပ်တို့အတွက် သိပ်မကောင်းပါ။ ဥပမာအားဖြင့် နေ့စဉ်နေ့တိုင်း သူ့အလုပ်အတွက် Tor ကို အသုံးပြုနေသည်ဟု ရှင်းပြသော FBI အရာရှိနှင့် ကျွန်ုပ်တို့ ပြောဆိုပြီးဖြစ်သည်။ — သို့သော် သူက သူ့နာမည်အရင်း သို့မဟုတ် အသေးစိတ်အချက်အလက်များကို မပြောရန် တောင်းဆိုသည်။

အခြားနည်းပညာများလိုပဲ ခဲတံများမှ cellphone များဆီသို့ အမည်ဝှက်ဖြင့် ကောင်းခြင်း ၊ ဆိုးခြင်း နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါသည်။ အမည်ဝှက်ခြင်းအပေါ်မှာ အလေးအနက်ဆွေးနွေးငြင်းခုံမှုအချို့ကို (pro, con နှင့် academic တို့မှာ ကြည့်နိုင်ပါသည်။) Tor project သည် အမည်ဝှက်ခြင်းကို တစ်ချို့အချိန်တွေမှာ ကောင်းသော အကြံဉာဏ်ဖြင့် ပြုလုပ်ခြင်း မဟုတ်ဟု ယုံကြည်သည်။ ၎င်းသည် လွတ်လပ်၍ function စုံလင်သော ဝန်းကျင်တစ်ခု အတွက် လိုအပ်ချက်ဖြစ်သည်။ EFF သည် ကောင်းမွန်သော ခြုံငုံသုံးသပ်ခြင်းကို အမည်ဝှက်ခြင်းအားဖြင့် အမေရိကန်တွင် ဘယ်လောက်အရေးပါတယ်ဆိုသည်ကို ထိန်းသိမ်းပေးသည်။ အမည်ဝှက်ခြင်းသည် အမေရိကန် တရားရုံးများက အခြေခံအရေးကြီးသော အခွင့်အရေးအဖြစ် အသိမှတ်ပြုသည်။ အစိုးရသည် အမည်ဝှက်ခြင်းကို များစွာသော ကိစ္စရပ်များတွင် ၎င်းတို့ကိုယ်တိုင် အခွင့်အာဏာ ပေးထားသည် : ရဲမှုခင်းကိစ္စများ, မွေးစားသော ဝန်ဆောင်မှုများ, ရဲအရာရှိများ၏ ID များ စသည့်ကိစ္စရပ်များတွင် ဖြစ်သည်။ လက်ရှိ အမည်ဝှက်ခြင်း ဆွေးနွေးငြင်းခုံမှုကို အပိုင်းပိုင်း ခွဲခြား နိုင်ပါသည်။ ၎င်းသည် ရှုပ်ထွေးမှုများ နောက်ကွယ်တွင် ရှိနေသေးသော အလွန်ကြီးမားသော issue တစ်ခုဖြစ်သည်။ ၎င်းအချက်အလက်များ တွေ့ရှိနိုင်သော အခြားနေရာများ အများအပြားရှိနေသေးသည်။ Tor အတွက် ဖြစ်နိုင်ခြေရှိသော နှောင့်ယှက်မှုများကို <a href="<page faq-abuse>">Tor abuseစာမျက်နှာ တွင် ဖော်ပြထားသည်။ သို့သော် လုံလောက်မှုဆိုတာ အကယ်၍ သင်က system ကို abuse လုပ်ချင်ရင် သင့်ရည်ရွယ်ချက် နီးပါး ရှာဖွေ ရလိမ့်မည် ဖြစ်သည်။ (ဥပမာ Tor relay များ၏ အများစုသည် အမည်မသိသော အီးမေးလ်များမှ spam ပေးပို့ခြင်းကို ကာကွယ်ရန် SMTP ကို support မလုပ်ပါ။ သို့မဟုတ် Four Horsemen of the Information Apocalypse ဖြစ်လျှင် သင့်တွင် Tor ထက် ပိုမိုကောင်းမွန်သော option များရှိသည်။ Tor ၏ အလားအလာရှိသော နှောင့်ယှက်မှုများကို မည်သို့ကြောင့် မဖယ်ထုတ်ပစ်သနည်း။ ၎င်းစာမျက်နှာတွင် အလွန်ရေးကြီးသော အမည်ဝှက်ခြင်း နည်းလမ်းများကို ယနေ့ အွန်လိုင်းတွင် အသုံးပြုခြင်းအား ဖော်ပြထားသည်။

#include <foot.wmi>