git.schokokeks.org
Repositories
Help
Report an Issue
tor-webwml.git
Code
Commits
Branches
Tags
Suche
Strukturansicht:
c18f0dd52
Branches
Tags
bridges
docs-debian
jobs
master
press-clips
tor-webwml.git
branches
original_web
torbutton
bms
faq.wml
Added 19 FAQ entries
Matt Pagan
commited
c18f0dd52
at 2013-08-26 04:06:05
faq.wml
Blame
History
Raw
## translation metadata # Revision: $Revision: 22645 $ # Translation-Priority: 3-low #include "head.wmi" TITLE="Torbutton FAQ" CHARSET="UTF-8"

Torbutton အတွက် မေးလေ့ရှိသော မေးခွန်းများ

မေးခွန်းများ

<a href="<page torbutton/faq>#nojavascript">Tor သို့  ပြောင်းလိုက်သောအခါ Javascript ဖြင့် သုံးထားသော sites များ အလုပ်မလုပ်တော့ပါ။ ဘာကြောင့်လဲ?

<a href="<page torbutton/faq>#noreloads">Tor သို့  ပြောင်းပြီးသည်နှင့် links များနှင့် reload တို့ ကို ကလစ်နှိပ်၍ မရတော့ပါ။ ဘာ့ကြောင့်လဲ?

<a href="<page torbutton/faq>#noflash">ဗီဒီယိုများနှင့် တစ်ခြား flash ဖြင့်ပြုလုပ်ထားသော စာမျက်နှာများကို မကြည့်နိုင်တော့ပါ။ ဘာ့ကြောင့်လဲ?

<a href="<page torbutton/faq>#oldtorbutton">Torbutton သည် အကြောင်းအရာများစွာကို လုပ်ပေးနိုင်ပေမယ့် တစ်ချို့ အကြောင်းအရာများသည် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ထို့ ကြောင့် verision အဟောင်းကို အသုံးမပြုနိုင်ဘူးလား?

<a href="<page torbutton/faq>#weirdstate">Browser သည် တစ်ချို့ သော အဆင့်တို့ တွင် မှန်မှန်ကန်ကန် အလုပ်မလုပ်တော့ပါ

<a href="<page torbutton/faq>#noautocomplete">Tor ကို အသုံးပြုသောအခါ Firefox က logins များ၊ search boxes များ အလုပ်မလုပ်တော့ပါ။ ဘာကြောင့်လဲ?

<a href="<page torbutton/faq>#thunderbird">Thunderbird က ဘာကိုကူညီနိုင်မလဲ? စာမျက်နှာကို တွေ့ နေပေမယ့် မှားယွင်းသော version ဖြစ်နေပါသလား?

<a href="<page torbutton/faq>#extensionconflicts">Firefox ၏ ဘယ် extensions များကို အသုံးပြုခြင်းမှ ရှောင်သင့်ပါသလဲ?

<a href="<page torbutton/faq>#recommendedextensions">Firefox ၏ ဘယ် extensions များကို အသုံးပြုသင့်ကြောင်း အကြံပြု ထောက်ခံပါသလဲ?

<a href="<page torbutton/faq>#securityissues">ကျွန်ုပ် အလေးထားသိသင့်သော အခြား အကြောင်းအချက်များ ရှိပါသလား?

Tor သို့  ပြောင်းလိုက်သောအခါ Javascript ဖြင့် သုံးထားသော sites များ အလုပ်မလုပ်တော့ပါ။ ဘာကြောင့်လဲ?
Javascript က ယင်း၏ မူရင်းနေရာသို့  မဆက်သွယ်မှီ သင် Tor ကို မပိတ်မချင်း စောင့်နေခြင်းကဲ့သို့ သော ကိစ္စများကို လုပ်ဆောင်ခြင်းဖြင့် သင့်၏ IP လိပ်စာကို ထုတ်ဖေါ်ပြသနိုင်ပါသည်။ ထို့ ကြောင့် Tor သုံးနေသော အဆင့်မှ ပေးထားသော စာမျက်နှာ အလုပ်လုပ်သော အဆင့်သို့  ပြောင်းသော အဆင့်ပြောင်းလဲမှုတို့ တွင် Torbutton က Javascript ၊ Meta-Refresh tags နှင့် certain CSS လုပ်ဆောင်မှု တို့ ကို ပိတ်ပေးရပါမည်။ Torbutton မူလ အဆင့်ကို ပြန်လည်ရောက်ရှိသောအခါ ယင်းတို့ ကို ပြန်လည် အလုပ်လုပ်ဆောင်နိုင်ပါသည်။ သို့ သော် တစ်ချို့ ကိစ္စများ (အထူးသဖြင့် Javascript နှင့် CSS) များတွင် အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော အမှားများမှ တစ်ခါတစ်ရံ လုံးဝကောင်းမွန်ခြင်း မရရှိတတ်ဘဲ စာမျက်နှာ ပျက်စီးသွားတတ်ပါသည်။ သင်လုပ်နိုင်သော တစ်ခုထဲသော အရာမှာ (သင့် IP လိပ်စာ ပေါက်ကြားခြင်းကို လစ်လျူရှု့ ၍ ဆက်လက်သုံးစွဲနေနိုင်ပါသည်) သင် Tor သို့ ပြောင်းခဲ့သော စာမျက်နှာကို ပြန်လည်အလုပ်လုပ်စေခြင်း သို့ မဟုတ် Tor အဆင့်သို့  မပြောင်းမှီ သင့်အလုပ်များအားလုံးကို ယင်း စာမျက်နှာတွင် သေချာစွာ ပြီးစီခြင်း သာ ဖြစ်သည်။
Tor သို့  ပြောင်းပြီးသည်နှင့် links များနှင့် reload တို့ ကို ကလစ်နှိပ်၍ မရတော့ပါ။ ဘာ့ကြောင့်လဲ?
Firefox Bug 409737 ကြောင့် Tor သို့  ပြောင်းပြီးသော်လည်း စာမျက်နှာများသည် popups ဖွင့်နိုင်ပြီး Javascript redirects နှင့် history access ကို ဆောင်ရွက်နိုင်ပါသေးသည်။ ယင်း popups နှင့် redirects တို့ ကို ပိတ်နိုင်သော်လည်း ယင်းတို့ ကို စာမျက်နှာမှ ပုံမှန်အသုံးပြုနေသော(links များကို ကလစ်နှိပ်ခြင်း၊ အသစ် tabs များ၊ windows များတွင် ဖွင့်ခြင်း၊ history ခလုတ်ကို အသုံးပြုခြင်း စသည်ဖြင့်) တုန့် ပြန်မှုတို့ နှင့် မခွဲခြားနိုင်ပါ။ ထို့ ကြောင့် ယင်းတို့ ကို ဘေးထွက်ဆိုးကျိုး အဖြစ် ပိတ်နိုင်ပါသည်။ Firefox bug ပြင်ဆင်ပြီးသည်နှင့် ဤ သီးသန့့် ထားခြင်း အတိုင်းအတာ ပမာဏသည် (ရည်ညွှန်းများမှ သတင်းအချက်အလက်များကို မတော်တဆ ကလစ်နှိပ်မိခြင်းအား အလိုမရှိသော သူများအတွက်) ရွေးချယ်နိုင်ခွင့် ဖြစ်လာသည် ။ ပြသနာကို ကျော်လွှားနိုင်စေရန် link ကို ညာဘက်ကလစ်နှိပ်၍ အသစ် tab သို့ မဟုတ် window တွင် ဖွင့်ပါ။ ယင်း tab သို့ မဟုတ် window သည် အလျိုအလျှောက် အလုပ်မလုပ်ဘဲ URL bar ရှိ Enter ကို နှိပ်ခြင်းဖြင့် အလုပ်စလုပ်စေနိုင်ပါသည်။ URL bar ရှိ Enter ကို နှိပ်ခြင်းသည် reload ခလုတ်ကို ကလစ်လုပ်စရာမလိုဘဲ စာမျက်နှာကို ပြန်လည် အလုပ်လည်း လုပ်စေပါသည်။
ဗီဒီယိုများနှင့် တစ်ခြား flash ဖြင့်ပြုလုပ်ထားသော စာမျက်နှာများကို မကြည့်နိုင်တော့ပါ။ ဘာ့ကြောင့်လဲ?
YouTube နှင့် အလားတူ sites များသည် Flash ကဲ့သို့ သော browser plugins လိုအပ်သည်။ Plugins သည် Firefox ကို အားထားမမှီခိုဘဲ လုပ်ဆောင်နိုင်ပြီး computer ထဲမှ သင့်၏ လျှို့ ဝှက်ချက်များကို ပျက်စီးစေနိုင်သော ကိစ္စများကိုလည်း ဆောင်ရွက်သည်။ ယင်းတွင် ကန့် သတ်ချက်မရှိဘဲcompletely disregarding proxy settings၊ သင်၏ local IP addressကို စုံစမ်းခြင်းနှင့် storing their own cookiesတို့  ပါဝင်သည်။ The (Amnesic) Incognito Live System လို LiveCD အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းက proxy bypass လုပ်ခြင်းမှ ကာကွယ်ရန် လုံခြုံသော၊ ဖေါက်ထွင်းမြင်နိုင်သော proxy ကို ဖန်တီးပေးသော်လည်း Local IP address discovery နှင့် ကျန်ရှိနေသေးသော Flash cookies များကို ထုတ်ပေးခြင်းကြောင့် ဖြစ်သည်။

အကယ်၍ သင်သည် ယင်း sites များ၏ ခြေရာကောက်ခံရမှုကို စိတ်မဝင်စားသော်လည်းကောင်း (and sites that try to unmask you by pretending to be them)၊ သင်၏ local censors များက သင်သွားရောက်ကြည့်ရှု့ မှု အတွက် သတိပြုခံရခြင်းကို ဖြစ်ပေါ်နေလျှင် plugins ကို Torbutton Preferences->Security Settings->Dynamic Content tab and unchecking "Disable plugins during Tor usage" box မှတဆင့် စတင် အလုပ်လုပ်စေနိုင်ပါသည်။ Tor VM၊ The (Amnesic) Incognito Live System၊ သိုမဟုတ် သင့်လျှော်သော firewall စည်းမျဉ်းများ မပါဘဲ ဤသို့ လုပ်ပါက အနည်းဆုံး NoScriptနှင့် block plugins ကို အသုံးပြုသင့်သည်ဟု ကျွန်ုပ်တို့  လေးနက်စွာ အကြုံပြုလိုပါသည်။ NoScript Plugins preference tab အောက်မှ Apply these restrictions to trusted sites too ကို လေ့လာပြီးပြီးဆိုပါက NoScript per-domain ခွင့်ပြုချက်များ အသုံးပြုရန် မလိုပါ။ အမှန်တကယ်တော့ ဤ setting နှင့်အတူ NoScript allow Javascript ကို globally ရနိုင်ပါသည်။ သို့ သော်လဲ သူတို့ ၏ စာမျက်နှာပေါ်ရှိ placeholders များကို သင် ကလစ်မနှိပ်သေးသ၍ plugins ကို အသုံးမပြုနိုင်သေးပါ။ ဤကဲ့သို့ သော ကိစ္စများတွင် သင့်၏ Flash cookies များကို ရှင်းလင်းရန်အတွက် ပိုမို ကောင်းမွန်သော လျှို့ ဝက်ခြင်း ကို ကျွန်ုပ်တို့  ထပ်မံ အကြုံပြုလိုပါသည်။
Torbutton သည် အကြောင်းအရာများစွာကို လုပ်ပေးနိုင်ပေမယ့် တစ်ချို့ အကြောင်းအရာများသည် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ထို့ ကြောင့် verision အဟောင်းကို အသုံးမပြုနိုင်ဘူးလား?
မရပါ။ Torbutton မပါဘဲ version အဟောင်းများသုံးခြင်း၊ အခြား vanilla proxy changer သုံးခြင်း ( FoxyProxy အပါအဝင် -- အောက်တွင်ကြည့်ပါ )သည် စိတ်ပျက်စရာ ကောင်းပါသည်။ Vanilla proxy switcher တစ်ခုထဲ သုံးခြင်းသည် မလုံခြုံဘဲ သင်၏ အချိန်ကို ဖြုန်းနေရုံသာမက သင်၏ လုံခြုံရေးအတွက်ပါ အန္တရာယ်ဖြစ်စေပါသည်။ Tor ကို အသုံးမပြုတာနှင့်တူညီနေသည်။ သင်အတွက် စိတ်ချရသော လုံခြုံမှု ရရှိပါလိမ့်မည်။ (တစ်ချို့ ကိစ္စများအတွက် ပိုကောင်းပါသည်။) သင့်လုံခြုံရေးကို တိုက်ခိုက်ခံရခြင်းမှန်သမျှအတွက် "homegrown" ဖြေရှင်းမှုများကို Torbutton ရန်သူပုံစံ, အထူးသဖြင့် ရန်သူ၏ တိုက်ခိုကမှု လုပ်နိုင်စွမ်းအားများ အပိုဒ်ခွဲများတွင် ကြည့်ရူ့နိုင်ပါသည်။ အကယ်၍ Torbutton ၏ တိကျသော လုပ်ဆောင်ချက်များမှတစ်ခုခုကို သင်ကြိုက်နှစ်သက်ခြင်း မရှိပါက bug ရှာဖွေသူ မှ file ကို bug on လုပ်နိုင်ပါသည်။ သင်သည် အချို့ ထူးခြားသော ကိစ္စများအတွက် လုံခြုံမှုမရှိဟု တွေးထင်ထားပါက Torbutton ၏ လုံခြုံရေး ကာကွယ်မှု အတော်များများကို preferences မှတဆင့် ပိတ်နိုင်ပါသည်။
Browser သည် တစ်ချို့ သော အဆင့်တို့ တွင် မှန်မှန်ကန်ကန် အလုပ်မလုပ်တော့ပါ
ခလုတ်ကို ကလစ်လုပ်ခြင်းဖြင့် Tor ကို ပိတ်ပြီး အသစ် window တစ်ခုကို ဖွင့်ပါ။ ဆွေးနွေးထားသည့် အကြောင်းအချက်များနှင့် မကိုက်ညီပါက preferences သို့ သွား၍ 'Restore Defaults' ကို နှိပ်ပါ။ ယင်းက Firefox နှင့် extension ကို သိရှိပြီး ကောင်းမွန်သော ပြင်ဆင်သတ်မှတ်ခြင်းအနေဖြင့် ပြင်ဆင်ပေးလိမ့်မည်။ အကယ်၍ သင်သည် Firefox မှ ဆွေးနွေးထားသည့် အကြောင်းအချက်များကို စီမံဆောင်ရွက်နိုင်ပါက ကျေးဇူးပြု၍ the bug tracker တွင် အသေးစိတ် ဖြည့်ပေးပါ။
Tor ကို အသုံးပြုသောအခါ Firefox က logins များ၊ search boxes များ အလုပ်မလုပ်တော့ပါ။ ဘာကြောင့်လဲ?
လောလောဆယ်တွင် ယင်းကို "Block history writes during Tor" ပြင်ဆင်မှုတွင် ထည့်ထားပါသည်။ ယင်းပြင်ဆင်မှုကို သင် စတင်အလုပ်လုပ်ပြီး ရှိပြီးသား လုပ်ဆောင်နိုင်မှုများ (သိမ်းခြင်း နှင့် ဖတ်ခြင်း) တို့ ကို ပိတ်လိုက်ပါ။ ယင်းက သင့်ကို စိတ်အနှောင့်အယှက်ပေးလျှင် ရွေးချယ်မှုကို ပြန်လည်စစ်ဆေးပါ။ သို့ သော် history နှင့် ပုံစံများကို သိမ်းထားလိမ့်မည်။ Tor မဟုတ်သော အသုံးပြုမှုမှ history ဖေါ်ပြခြင်း တိုက်ခိုက်မှုကို ကာကွယ်ရန် Tor အသုံးပြုစဉ် history ရေးခြင်း ခွင့်ပြုထားပါက Tor မဟုတ်သော history ဖတ်ခြင်းကို ပိတ်ပါဟု အကြုံပြုလိုပါသည်။
Thunderbird ကူညီမှုက ဘာကိုကူညီပါသလဲ? စာမျက်နှာကို တွေ့ ပါသည်။ ဒါပေမယ့် မှားယွင်းသော version ဖြစ်နေပါသလား?
Torbutton သည် တစ်ရက်အတွင်း Thunderbird ၏ အခြေခံ proxy ပြောင်းလဲခြင်းများကို ကူညီထောက်ပံ့ခဲ့ဖူးပါသည်။ သို့ သော် ယင်း ကူညီထောက်ပံ့မှုကို လုံခြံမှုအတွက် အဆင်မပြေပါသဖြင့် အသုံးမပြုတော့ပါ။ addons.mozilla.org စာမျက်နှာတွင် firefox ကူညီထောက်ပံ့မှုကိုသာ စာရင်းပြုစုထားပြီး Thunderbird စာရင်းများကို သူတို့  ဘာကြောင့် ဖျက်ထားသည်ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်သည် Thunderbird အသုံးပြုသူမဟုတ်သောကြောင့် ယင်း အသုံးချဆော့ဝဲတွင် proxy ပြင်ဆင်မှု့ အတွက် လုံခြုံရေး ဆွေးနွေးသော စာရွက်စာတမ်းများ စီစစ်ဖို့ ရန် အချိန်မပေးနိုင်ပါ။ ကျွန်ုပ်လည်း အလားတူ (ထပ်တူကျမည်တော့ မဟုတ်ပါ) အခြေအနေမျိုးများ၊ proxy leak issues with html mail, embedded images, javascript, plugins နှင့် automatic network access များ ခံစားရပါသည်။ ကျွန်ုပ် အကြုံပြု ထောက်ခံလိုသည်မှာ သင့် Tor account အတွက် သီးခြား Thunderbird တစ်ခု ဖန်တီးပြီး proxy settings များကို ပြင်ခြင်းထက် ယင်းကိုသာ သုံးပါ။ သို့ သော် သင်၏ IP ကို လွတ်လပ်လျှင်မြန်စွာ ပြောင်းလဲလိုလျှင် အခြား proxy ပြောင်းပေးသည့် ProxyButton၊ SwitchProxy သို့ မဟုတ် FoxyProxy (thunderbird ကို ကူညီထောက်ပံ့ပေးသည့် အရာတစ်ခုခု) ကို စမ်းသပ်သင့်သည်။
Firefox ၏ ဘယ် extensions များကို အသုံးပြုခြင်းမှ ရှောင်သင့်ပါသလဲ?
ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ။ ထောင်နှင့်ချီပြီး ရှိတဲ့ Firefox extensions များကို ဘယ်အရာက လျှို့  ဝှက်ခြင်းအတွက် မကောင်းပါဟု ပြီးပြည့်စုံသော စာရင်းပြုလုပ်နိုင်ရန် မဖြစ်နိုင်ပါ။ သို့ သော် ဘယ်လိုလုပ်ဆောင်ပုံက အန္တရာယ် ဖြစ်စေနိုင်သလဲဆိုသည့် ဥပမာများကိုတော့ ပေးနိုင်ပါသည်။

StumbleUpon, et al
ယင်း extensions များသည် သင့်အား သင် ဝင်ရောက်ကြည့်ရှုသော web စာမျက်နှာများ၏ အချက်အလက်အစုံအလင်ကို ပေးပြီး ယင်းအချက်အလက်များသည် ပြိုင်ဘက်ကင်းသော ဖေါ်ထုတ်သူများနှင့် ဆက်နွယ်နေနိုင်ပါသည်။ ယင်းက သင့် လျှို့ ဝှက်မှုကို သိသာ ပေါ်လွင်စေသည်။ ယေဘူယျအားဖြင့် မှတ်ပုံတင်ရန်လိုအပ်သော မည်သည့် extensions ဖြစ်စေ၊ သင် ဝင်ရောက်ကြည့်ရှုသော web စာမျက်နှာများ၏ အချက်အလက်များကို ပေးသည့် extensions များကို သတိထားသင့်သည်။

FoxyProxy
သီအိုရီထဲတွင် Foxyproxy သည် ကောင်းသော်လည်း လက်တွေ့ တွင် Torbutton မရှိဘဲ Tor အသုံးပြုခြင်းအတွက် လုံခြုံရေးပြင်ဆင်သတ်မှတ်မှုသည် မဖြစ်နိုင်ပါ။ Vanilla ၏ plugins များကဲ့သို့  အဓိက ပြသနာမှာ plugin leakage နှင့် history disclosure၊ နောက်သို့ လိုက်သော cookie ခိုးသူများဖြစ်သည်။ (ပိုမိုသော အချက်အလက်များအတွက် Torbutton ရန်သူ ပုံစံ တွင် ကြည့်ပါ။) သို့ သော် Torbutton ထည့်သွင်းပြီး အလုပ်လုပ်စေခြင်းသည် လုံခြုံရေးအတွက် FoxyProxy ပြင်ဆင်သက်မှတ်ရန် ဖြစ်နိုင်ပါသည်(လိမ်လည်မှုများဖြစ်နိုင်သော်လည်း)။ FoxProxy ၏ "ပုံစံများ" သည် tab တစ်ခုလုံးကို မဟုတ်ဘဲ တိကျသော urlsများတွင်သာ အကျိုးသက်ရောက်စေသောကြောင့် နောက်ခံ Foxyproxy သည် တိကျသော sites များသို့သာ Tor မှတဆင့် ပို့ပးပြီး ကောင်းကျိုးမပေးသူများ (သူတို့၏ hosts များသည် သင့် fitters နှင့် လိုက်ဖက်စရာ မလိုပါ)ကို သင့် IP ကို သိစေနိုင်ပါသည်။ ပိုဆိုးသည်မှာ sites များကို Google Analytics ကဲ့သို့ offsite logging services များကို သုံးသော အခါ သူတို့၏ logs များတွင် သင့်၏ အစစ်အမှန် IP နှင့် ဆုံးသွားပါလိမ့်မည်။ ဒုက္ခပေးနိုင်သော exit nodes များသည် images များကို စာမျက်နှာများတွင် ထည့်သွင်းထားသော sites များနှင့် သင့် filters များကို ရှောင်ရှားပြီး ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ Non-Tor မှတဆင့် တိကျသော URLs ကို ပို့ပေးသော နောက်ခံ FoxyProxy သည် ဤစေ့စေ့စပ်စပ် စောင့်ကြည့်မှုတွင် ပိုမို လုံခြုံစေသော်လည်း သင် ခွင့်ပြုထားသော filters များနှင့်တော့ သတိထားသင့်သည်။ ဥပမာအားဖြင့် Non-Tor မှ တဆင့် ရိုးရှင်းစွာ Google မှ သွားသော တစ်စုံတစ်ရာသည် Google Analytics အဖြစ် သုံးသော websites အားလုံး၏ logs များတွင် သင့်ကို အဆုံးသတ်စေပါသည်။ ပိုမိုသော သတင်းအချက်အလက်များအတွက် FoxyProxy အတွက် မေးလေ့ရှိသော မေးခွန်းများကို this questionတွင် ကြည့်ပါ။

Firefox ၏ ဘယ် extensions များကို အသုံးပြုသင့်ကြောင်း အကြံပြု ထောက်ခံပါသလဲ?

RefControl
အထက်တွင် ဖေါ်ပြထားသည့်အတိုင်း ဤ extension များသည် လက်ရှိသုံးနေသော Torbutton ထက် fine-grained refferer spoofing ကို လက်ခံပါသည်။ ယင်းသည် Torbutton's refferer spoofing option ထက် sites အနည်းငယ်ကိုသာ ခွဲခြားပိုင်းခြားသင့်သည်။

SafeCache
သင် Tor ကို ပိုမို အသုံးပြုပြီး ယင်းကို အလုပ်မလုပ်စေရန် ကြုံတောင့်ကြုံခဲသာ ပြုလုပ်ပါက သင့် cache ထဲတွင် long term identifiers အနေဖြင့် သိုလှောင် သိမ်းဆည်းထားပြီး sites များ၏ စွမ်းရည်ကို minimize လုပ်ရန် ဤ extension ကို ထည့်သွင်းချင်ကောင်း ထည့်သွင်းချင်ပါလိမ့်မည်။ ဤ extension သည် cache နှင့် တူညီသော မူလ မူဝါဒကို အကျိုးသက်ရောက်စေသောကြောင့် cached element ကဲ့သို့ တူညီသာ မူလ domain ထဲရှိ document မှ ယင်းတို့ကို သွားခေါ်ယူမှသာလျှင် ယင်း elements ကို cache မှ ပြန်လည်ရရှိ စေပါသည်။

ပိုမိုကောင်းမွန်သော လျှို့ဝှက်ခြင်း
ပိုမိုကောင်းမွန်သော လုံခြုံမှုသည် Flash applications များကို အသုံးပြုခြင်းကြောင့် ရရှိလာသော cookies များကို ကာကွယ်ပေးသော ထူးကဲကောင်းမွန်သော extension ဖြစ်သည်။ Flash applications သည် အမြဲတစေ တည်ရှိနေသောကြောင့် ပုံမှန် Firefox ၏ "Private Data" ရှင်းလင်းခြင်းဖြင့် မရှင်းလင်းနိုင်ပါ။ Flash နှင့် အခြားသော plugins အားလုံးကို Torbutton မှ dafault အားဖြင့် အလုပ်မလုပ်စေရန် ပြုလုပ်နိုင်ပြီး အကယ်၍ သင်က လုံခြုံမှုကို စိတ်ဝင်စားပါက Non-Tor အသုံးပြုမှုများအတွက် Flash cookies များကို စုံစမ်းစစ်ဆေးပြီး အလိုအလျောက် ရှင်းလင်းပေးသော ဤ extension ကို လိုချင်ပါလိမ့်မည်။

AdBlock Plus
AdBlock Plus သည် စိတ်အနှောင့်အယှက် ပေးနိုင်မူ၊ လုံခြံမှုကို ကျူးကျော်မှု နှင့် web ပေါ်မှ malware-distributingကြော်ငြာများကို ရှင်းလင်းရန်အတွက် ထူးကဲကောင်းမွန်သော addon ဖြစ်သည်။ ယင်းက subscriptionsကို စီမံပေးပြီး ယင်းက filters များကို ဖြတ်ကျော်လာသော နောက်ဆုံး networks ကြော်ငြာများကို ဖမ်းမိသိရှိစေရန်အတွက် စဉ်ဆက်မပြတ် update လုပ်ပါသည်။ subscriptions စာမျက်နှာများ၏ အမျိုးမျိုးသော section များအတွက် EasyPrivacy+EasyList combination filter subscription ကို ကျွန်ုပ် ထောက်ခံအကြံပြုပါသည်။

Cookie Culler
Cookie Culler သည် Firefox ရှိ cookie manger ကို လျှင်မြန်စွာ ရယူသုံးစွဲနိုင်သော handy extension တစ်ခု ဖြစ်သည်။ ယင်းက အချို့သော cookies များကို ဖျက်မိခြင်းမှ ကာကွယ်ရန်စွမ်းရည်ကို စီမံပေးပါသေးသည်။ သို့သော် ဤလုပ်ဆောင်မှုသည် Torbutton နှင့် ကောင်းကောင်း မပေါင်းစပ်နိုင်ပါ။ Kory Kirk က ယခု 2009 ရှိ Google Summer of Code project အတွက် ယင်းအခက်အခဲကို ဖြေရှင်းနိုင်ရန် ကြိုးစားလုပ်ကိုင်နေပါသည်။

NoScript
Torbutton သည် ယခုလောလောဆယ်တွင် သိနှင့်ပြီးသော Javascript နှင့်အတူ အမည်မဖေါ်လျှို့ဝှက်ခြင်း issues များအား လျော့ပါးသက်သာစေပါသည်။ သို့သော်ငြားလည်း သင် logged in ဝင်သော browser သို့မဟုတ် websites များကို ဟန့်တားဆန့်ကျင်သည့် Javascript exploits များအကြောင်း စိတ်ဝင်စားပါက Script ကို သုံးချင်လိမ့်မည် မဟုတ်ပါ။ ယင်းက တစ်ခုခြင်းအလိုက်ဖြစ်သော websites များအတွက် Javascript ကိုသာ ခွင့်ပြုနိုင်သော စွမ်းရည်ကို စီမံပေးပြီး insecure cookiesပါသော sites များအတွက် HTTPS urls ကို အတင်းအကျပ်သုံးစေရန် တွန်းအားပေးသော mechanisms များကိုလည်း စံမံပေးပါသည်။ ယင်းက သင့်တော်လျောက်ပတ်စွာ အလုပ်လုပ်နေသော sites အများစုကို ပြင်ဆင်သတ်မှတ်ရန် ခက်ခဲပါလိမ့်မည်။ အထူးသဖြင့် addons.mozilla.org ကို http မှ extensions ကဲ့သို့ downloaded လုပ်ခြင်းအတွက် Javascript whitelist ကို စက်ထဲမှ မဖျက်ထုတ်ခြင်းနှင့် https စာမျက်နှာမှ Javascript ကို အတည်ပြုခြင်းအတွက် သေချာစေချင်လျှင် ဖြစ်သည်။

မူဝါဒ တောင်းဆိုမှု
မူဝါဒ တောင်းဆိုမှုသည် NoScript နှင့် ဆင်တူပြီး တစ်ခြား domains များမှ မည်သည့် sites ကို အလုပ်လုပ်ရန် ခွင့်ပြုမည်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်သည်။ အတွေ့အကြုံမရှိသေးသော အသုံးပြုသူများအဖို့ သင့်တော်မှန်ကန်စွာ ပြင်ဆင်သတ်မှတ်ရန် အလွန်ခက်ခဲနိုင်ပါသည်။ သို့သော် ယင်းက ကြော်ငြာများ၊ ဖြည့်သွင်းလိုက်သော အရာများ နှင့် ဆက်ကျင်ဘက် sites များမှ အတုပြုမှုများ စသည့် တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ကောင်းမွန်သော ထောက်ပံ့မှုကို စီမံပေးပါသည်။

ကျွန်ုပ် အလေးထားသိသင့်သော အခြား အကြောင်းအချက်များ ရှိပါသလား?
Torbutton နှင့်ဆိုင်သော သိပြီးသား လုံခြံရေးဆိုင်ရာ အကြောင်းအရာ အနည်းငယ်သာ ရှိသည် (ယင်းတို့အားလုံးသည် တစ်သမတ်တည်းမရှိသော Firefox security bugsများကြောင့် ဖြစ်သည်)။ သို့သော်လည်း ယင်းတို့၏ အများစုသည် fingerprinting အကြောင်းအရာနှင့် သတ်ဆိုင်နေပြီး တိတိကျကျ အမည်လျှို့ဝှက်မှု ပေါက်ကြားခြင်းနှင့် ဆန့်ကျင်ခြားနားပါသည်။

ထပ်မံ၍ Firefox Livemarks ကဲ့သို့ RSS readers များသည် ပုံမှန် သွားခေါ်မှုများကို ဆောင်ရွက်ပေးသည်။ Firefox Bug 436250ကြောင့် Tor အသုံးပြုနေစဉ် Livemark သွားခေါ်မှုများကို အလုပ်မလုပ်စေရန် ပြုလုပ်ဖို့ နည်းလမ်းမရှိပါ။ သင်ကိုယ်တိုင်ရွေးချယ်ထားသည့် မြောက်များစွာသော Livemark urls များ ရှိပါက ယင်းသည် ပြသနာ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် urls များက သင့် ကိုယ်ရေးကိုယ်တာများကို သတင်းအချက်အလက် ပေးနိုင်သောကြောင့် ဖြစ်သည်။a

#include <foot.wmi>